Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, 20 November 2013

သိထားရက်နဲ့လေ.....

ပြန်မလာတော့ဘူးဆိုတာ သိနေရက်နဲ့

နင့်ငါကို ချစ်နေပါတယ်ဆိုတဲ့

မိုက်မဲ့တဲ့စိတ်တွေကို ဖက်တွယ်ထားရင်း

ငါ့ဆီပြန်လာမဲ့အချိန်ကို...တမ်းတနေခဲ့တာ

ငါရူးနေခဲ့လို့ ဖြစ်မှာပါ.....ချစ်သူ..................။


နင့်တစ်ခါတစ်လေတောင် သတိရမှာ

မဟုတ်ဘူးဆိုတာ သိရက်နဲ့

နင့်ငါကို Message စာတစောင်

ပို့ မှာပါဆိုတဲ့....ခပ်ကြောင်ကြောင်စိတ်ကူးတွေနဲ့ 

ငါအကြိမ်ကြိမ် အခါခါ မျှော်လင့်နေခဲ့မိတာ

ငါတကယ်ရူးနေခဲ့လို့ဖြစ်မှာပါ......ချစ်သူ..............။

အက္ခရာ
19.11.2013

သူစွန့် ပစ်သွားတာပါ..... ..။

ငါ....သတိရနေတာ....မဟုတ်ဘူး

အရမ်းလွမ်းနေတာပါ................။

ငါ.....မြတ်နိုးနေတာ..မဟုတ်ဘူး

ငါတမ်းတနေခဲ့တာပါ................။

ငါလမ်းခွဲခဲ့တာ....မဟုတ်ဘူး

သူစွန့် ပစ်သွားတာပါ..... ..။

Photo: ငါ....သတိရနေတာ....မဟုတ်ဘူး

အရမ်းလွမ်းနေတာပါ................။

ငါ.....မြတ်နိုးနေတာ..မဟုတ်ဘူး

ငါတမ်းတနေခဲ့တာပါ................။

ငါလမ်းခွဲခဲ့တာ....မဟုတ်ဘူး

သူစွန့် ပစ်သွားတာပါ.....:'( :'( :'( ..။

အက္ခရာ
4.11.2013

ဒီလိုနဲ့ .....................

ငါနှလုံးသားထဲက
တိုးတိတ်ညင်သာစွာပါပဲ
သူစွန့်ခွာသွားခဲ့တယ်......။

ဒီလိုနဲ့ ...နေ့ ရက်တွေသာကုန်ဆုံးခဲ့ရပေမယ်

ငါနှလုံးသားလေမှာတော့
ငါရယ် ငါကဗျာတွေရယ်
ညနက်နက်တွေရယ်
သူကိုတွေးတဲ့အတွေးစတွေရယ်
ဆုပ်ကိုင်ပြဖို့ ခက်တဲ့အလွမ်းတွေရယ်
ခုထိကျန်ရစ်ခဲ့ရတယ်.................။

Photo: ငါနှလုံးသားထဲက
တိုးတိတ်ညင်သာစွာပါပဲ
သူစွန့်ခွာသွားခဲ့တယ်......။

ဒီလိုနဲ့ ...နေ့ ရက်တွေသာကုန်ဆုံးခဲ့ရပေမယ်

ငါနှလုံးသားလေမှာတော့
ငါရယ် ငါကဗျာတွေရယ်
ညနက်နက်တွေရယ်
သူကိုတွေးတဲ့အတွေးစတွေရယ်
ဆုပ်ကိုင်ပြဖို့ ခက်တဲ့အလွမ်းတွေရယ်
ခုထိကျန်ရစ်ခဲ့ရတယ်.................။

အက္ခရာ

နင့်ဂရုစိုက်တာ...ခံချင်လို့ ပါ...

နေကောင်းရဲ့လား..မေးပေးပါ
နင့်ဂရုစိုက်တာ....ငါခံချင်လို့ ပါ....။

လွမ်းတယ်လို့ ...မပြောချင်ရင်တောင်
အဆင်ပြေရဲ့လား...မေးပေးပါ
ငါလေ...နင်အတွေးထဲခဏလောက်ပါချင်
လို့ ပါ...

ရှိနေလားလို့ ...မပြောချင်ရင်တောင်

ကိုယ်ရောက်လာခဲ့တယ်လို့ ...ပြောပေးပါ..

နင်အသိမှတ်ပြုတာ....ငါခံယူချင်လို့ ပါ.....။
 
Photo: နှလုံးသားဆိုတာ

အမိန့်ပေးတိုင်းနာခံတက်တဲ့သူမဟုတ်တော့

ရခဲ့တဲ့

ဒဏ်ရာတွေနဲ့ တင်တော်လောက်ပြီ

ရှေ့ဆက်မလွမ်းသင့်တော့ဘူးရယ်လို့ 

ဆုံးဖြတ်ထားပေမဲ့

နှလုံးသားကမေ့ပစ်ဖို့ ငြင်းဆန်နေလေတော့

အမှတ်မထားသင့်တော့ပေမဲ့

ခုထိငါလွမ်းကောင်းနေဆဲပဲ....မောင်ရယ်.........။

အက္ခရာ

နင်..အသိဆုံးပါ....

နင်...အတွက်

အလွမ်းတွေ ဘယ်လောက်များလဲဆိုတာ

နင့်..အသိဆုံးပါ............

နင်ရဲ့ အယုယတွေနဲ.စကားလုံးတွေကြားထဲမှာ

ငါဘယ်လောက်ထိရူးသွပ်ခဲ့ရတယ်ဆို
တာ

နင့်အသိဆုံးပါ.............

နင်အတွက် ပေးဆပ်ခဲ့အရာရာတွေလည်း

ဘယ်သူနဲ့ မှမတူအောင် နက်ရှိုင်းခဲ့တယ်ဆိုတာလည်

နင်တစ်ယောက် အသိဆုံးချစ်သူ..........။
 
Photo: အချစ်ပွဲတစ်ခုမှာ*** ***
       
    တစ်စုံ တစ်ခု ကြောင်း လမ်းခွဲ လိုက် ရပြီး
  
ဆိုရင် မိန်က လေးတွေ က ယောကျာင်္းလေး
 
 ထက် အချစ်အတွက် ပို ပြီးခံစားချက် တွေ
  
ပြင်းထန်း တက်ကြပါတယ်   ဒါပေမဲ့ 
 
 ယောကျာင်္းလေးတွေ က မိန်းကလေးတွေ

 ထက် အချစ်အတွက် ဆိုဦးနှောက် 
 
 အရေးထက် နှလုံးသား အရေး ဦးစားပေး

 တက်ကြပါတယ်  ဒါကြောင့်မို့ အချစ် 

 အတွက်နဲ့ မိမိအသက်ကိုပါ တန်းဖိုးမထားပဲ 
 
ချစ်တဲသူတွေရှိနေတက်ပါတယ်

နင့်..နားလည်ပေးမှာပါ....

နင်တော့နားလည်ပေးမှာပါဆိုပြီး
ငါနင့်ကို ရင်ဖွင့်ဖူးပါတယ်
နင်မှတ်မိသေးလား......ချစ်သူ...
.။

နင်တော့ အနားမှာရှိမှာပါဆိုပြီး
ငါအရာရာကို ရင်ဆိုင်ဖူးပါတယ်
နင်သတိရသေးရဲ့လား....ချစ်သူ...။

နင်တော့ ယုံမှာပါဆိုပြီး
ငါ့နှလုံးသား တစ်ခုလုံးပုံအပ်ဖူးပါတယ်
နင်ဖျတ်ခနဲလောက်ဖြစ်ဖြစ် အောင့်မေ့မိမလားချစ်သူ..။
 
 Photo: ပြန်မလာတော့ဘူးဆိုတာ သိနေရက်နဲ့

နင့်ငါကို ချစ်နေပါတယ်ဆိုတဲ့

မိုက်မဲ့တဲ့စိတ်တွေကို ဖက်တွယ်ထားရင်း 

 ငါ့ဆီပြန်လာမဲ့အချိန်ကို...တမ်းတနေခဲ့တာ

ငါရူးနေခဲ့လို့ ဖြစ်မှာပါ.....ချစ်သူ..................။


နင့်တစ်ခါတစ်လေတောင် သတိရမှာ

 မဟုတ်ဘူးဆိုတာ သိရက်နဲ့

နင့်ငါကို Message စာတစောင်

ပို့ မှာပါဆိုတဲ့....ခပ်ကြောင်ကြောင်စိတ်ကူးတွေနဲ့ 

ငါအကြိမ်ကြိမ် အခါခါ မျှော်လင့်နေခဲ့မိတာ

ငါတကယ်ရူးနေခဲ့လို့ဖြစ်မှာပါ......ချစ်သူ..............။

အက္ခရာ
19.11.2013

Tuesday, 24 September 2013

သူမာန်ထန်သွားပီးလေ..

သူ့အကောင့်လေး စိမ်းနေပေမယ့်
မခေါ်ဖြစ်တော့ဘူး...မမြင်သလိုနေေ
ပးလိုက်တယ်
သူမှ စကားမပြောချင်တာလေ.....

သူစာမျက်နှာလေးကို သတိရတိုင်း
သွားမကြည့်ဖြစ်တော့ဘူး
သူနှလုံးသားလေးက
ကိုယ့်ဘ၀လေးထဲမှ မပျော်နိုင်တော့တာ

လွမ်းဆွတ်တိုင်း မငိုဖြစ်တော့ဘူး
သူသိဖို့လည်း မကြိုးစားဖြစ်တော့ပါဘူး
သူမှာ ငါကိုမလိုအပ်တော့တာပဲလေ.......

ငါ့လွမ်းတယ်ဆိုတာ သူသိဖို့ 
မရေးဖြစ်တော့ပါဘူး
ငါတမ်းတနေတယ်ဆိုတာ သူသိဖို့ 
ကဗျာမဖွဲ့ တော့ဘူး
ငါအချစ်တွေ မပျက်ပဲ
အရင်လို ချစ်နေဆဲဆိုတာ သူသိဖို့ 
မကြိုးစားတော့ဘူး...............
သူနှလုံးသားက ငါအတွက်
မာန်ထန်နေခဲ့ပြီလေ.............
Photo: သူကပြောတယ်...ကျနော်ကို မေ့သွားပြီထင်တာတဲ့

ဟုတ်တယ်........ကျနော်မေ့သွားခဲ့တယ်

ကျနော်...ပို့ ပို့ နေကျ...messaing တွေကိုတစ်ခွန်းမှ

မတုန့် ပြန်တတ်ဘူးဆိုတာကိုပေါ့..........။                              ။

သူကပြောတယ်....နင့်အရမ်းစိတ်ညစ်နေတာသလားတဲ့

ဟုတ်တယ်.....ကျနော်စိတ်ညစ်နေတယ်

ကျနော်ကို...သံယောဇဉ်ကြိုးလေးနဲ့မလှုပ်နိုင်အောင်ချည်ခဲ့ပြီ

သူနဲ့ မသက်ဆိုင်တော့သလို ....သူမျက်နှာလွဲခဲ့လို့ ....။                 ။

သူပြောခဲ့တယ်....အချိန်မပေးနိုင်တာခွင့်လွတ်ပါတဲ့ 

ဟုတ်တယ်.....ကျနော်ခွင့်လွတ်ခဲ့တယ်

ကျနော်ဘ၀ကိုယောင်တိယောင်ချာဖြစ်အောင်

လမ်းခုလတ်မှာ....ထားရစ်ခဲ့တဲ့သူကို

ခွင့်လွတ်ပါတယ်လို့ ....မပြောခဲ့ရင်...ကျနော်ဘာများထပ်ပြောနိုင်မလဲ

ဘယ်လိုတွေပဲဖြစ်ဖြစ်...သူက ကျနော်ရဲ့ခွင့်လွတ်ကြင်နာခြင်းတွေ

ရယူထားတဲ့....ကျနော်အရမ်းချစ်ခဲ့ရတဲ့သူတစ်ယောက်မို့ လို့ လေ.....။

ထာဝရ
23.9.2013

နင်သိရဲ့လား........

နင့် နားမလည်နိုင်တာတွေ ရှင်းပြချင်တယ်
နင့် မယုံနိုင်တာတွေ သက်သေပြချင်တယ်
နင့် မသိနိုင်တာတွေ ပြောပြချင်တယ်
နင့် လက်မခံနိုင်တာတွေ ရှင်းပြချင်တယ်
နင့် စိတ်ဆိုးတာတွေ ရှင်းပြချင်တယ်
ဒါပေမဲ့..........
နင့်ကိုယ်တိုင်........ ရင်ဘတ်နဲ့ နားထောင်ပေးဖို့တော့လို အပ်တယ်..ချစ်သူ

=============================================================

နင်သိရဲ့လား........
ပျော်စရာတွေရှိနေခဲ့လည်.....
ငါ.....................
မပျှော်တော့ဘူးဆိုတာ...........
....။

နင်သိရဲ့လား......
ငါတွေးတဲ့အတွေးနဲ့  ငါလွမ်း
တဲ့အလွမ်းတိုင်းဟာ
နင်..........
တယောက်တည်းပဲဆိုတာ..............။

နင်သိရဲ့လား...
နင်မရှိတော့တဲ့နောက်....
ငါအထီးကျန်နေတယ်......
ငါဘ၀ခြောက်သွေ့နေတယ်.........
ငါသတိရနေတယ်ဆိုတာ......
နင့်...သိရဲ့လားချစ်သူ................
 Photo: တစ်ခါတစ်ရံနင့်ကိုချစ်နေရတာ

အိပ်မက်တစ်ခုကိုမက်နေရသလိုပဲ။

ငါ့ရှေ့က ဘယ်တော့ပျောက်ကွယ်သွားမလဲ

အမြဲစိုးရိမ်နေရတယ်

မင်းအမုန်း မင်းရဲ့ ဥပေက္ခာ

ဒါတွေကလောကမှာ

ငါမလိုချင်ဆုံးတွေပဲလေ

ငါချစ်သလောက်ပြန်မချစ်ရင်နေပါ

ဘယ်တော့မှတော့ မုန်းမသွားပါနဲ့

ငါ တန်ဖိုးထားသလောက်

မင်းစိတ်ထဲမရှိရင်နေပါ

ဥပေက္ခာတော့ မပြုခဲ့ပါနဲ့

"ချစ်တယ် ချစ်သူ"

အဲဒါ လောကမှာ 

ငါအမြဲပြောနေချင်ဆုံးစကားတစ်ခွန်းပဲ.....

                        အမုန်း ကျိန်စာ

နင်သာ ပြန်လာခဲ့မယ်ဆို

နင်သာ နားထောင်ပေးမယ်ဆို
ပြောချင်တဲ့စကားလုံးတွေ
ရင်ဘက်ထဲမှာ အပြည့်ရှိတယ်......

နင်သာ အကြောင်းအရာတွေ
နားလည်ပေးမယ်ဆို
ရှင်းပြချင်တဲ့ စကားလုံးတွေ
ရင်ဘက်ထဲမှာ အပြည့်ရှိတယ်.......

နင်သာ စာနာမှူနဲ့  ပြန်ချစ်မယ်ဆို
ပေးဆပ်စရာ အချစ်တွေ
ရင်ဘက်ထဲမှာ အပြည့်ရှိတယ်......

နင်သာ ပြန်လာခဲ့မယ်ဆို
အရှုံးပေးစရာနဲ့ 
ရင်ဘက်ထဲမှာ
ခွင့်လွတ်ကြင်နာခြင်းတွေ အပြည့်ရှိတယ်.....

ရင်ဘတ်ထဲမှာတော့  နင့်အတွက် နေရာအပြည့်ပါပဲ ချစ်သူ

Photo: အိပ်မက် ဆိုတာ နိုးထချိန်မှာ ပျောက်ကွယ်သွားမယ်မှန်း ငါသိနေပေမယ့် ……

ငါ့ အိပ်မက်တွေက ခါးသီးလွန်းလို့ အိပ်စက်ခြင်း ဆိုတာကိုပါ ငါရှောင်ပုန်းနေမိပြီဟာ ……

ချစ်သူသို့                        A.P.M

အတိုလေးတွေစုစည်းမှု

ထားရစ်ခဲ့မယ်ဆို....နားလည်ပေးမယ်

ငါနှလုံးသား တမင်သတ်သတ်..

အနင်းခြေခံရတာလို့  မပြောပါဘူး

သူပေးတဲ့ဒဏ်ရာတွေပါလို့ 

မပြောပါဘူးးး

အချစ်ရဲ့လက်ဆောင်တွေအဖြစ်

ငါမှတ်ယူသိမ်းဆည်းထားပါ့မယ်.....ချစ်သူ.....။
...................................................................
 
ငါပျှော်ခဲ့တယ်.........စိတ်ကူးတွေထဲမှာ...
ငါကြေးနူးခဲ့တယ်....အိပ်မက်တွေထဲမှာ...
ငါအထီးကျန်ကြေကွဲနေခဲ့တယ်....အပြင်လက်တွေ့ ဘ၀မှာ....
.............................................................................
 
လွတ်လပ်ပွင့်လင်းစွာနေတတ်ပြီ

ဟန်ဆောင်ခြင်းကင်းတဲ့

ကောင်မလေးရဲ့ရင်ထဲမှာ

နင့်အတွက် ... ချစ်ခြင်းအပြည့်ရှိတယ်လို့ ....။
.......................................................................
 
မတွေ့ဖြစ်တော့ရင်ဆိုတဲ့အသိမျိုးပေါ့...

အတွေးနဲ့တောင် နာကျင်ခဲ့ရတာအသေအလဲ

အခုလိုလက်တွေ့ရင်ဆိုင်ရတဲ့အခါ

နေ့ရက်တွေတိုင်းဟာ အဓိပ္ပါယ်မဲ့ခဲ့ရတယ်...ချစ်သူ..
........................................................................
 
ကဗျာဆန်ဆန် ကာရံဖွဲ့ 
နွဲ့ ဆိုးမချွဲတက်ပေမယ့်
မြန်မာဆန်ဆန်
ရာဇသံပေးလိုက်မယ်
ငါကလွဲရင်ပေါ့
မောင် ဘယ်သူ မှ မချစ်ရဘူး ...
..............................
..................................

နင့် မသိတာပါ.....

နင့်မသိလို့ ပါ.....

ငါကို နာကျင်အောင်လုပ်တိုင်း

နင့်ငါနဲ့ ....ပိုနီးစပ်လာတာကို....။


နင့်သတိမထားမိလို့ ပါ...

ငါကိုရှုံးနိမ့်သွားအောင်
နင့်အနိုင်ပိုင်းလိုက်တိုင်
ငါနှလုံးသားတွေ..
နင့်ရှေ့မှောက် လဲလဲကျခဲ့တာကို..။


..............................
.............
နင့် မသိတာပါ.....
ငါ့မာနတွေ ငါအတ္တတွေ ၊
ငါနဲ့  ဆန့်ကျင့်ဘက်ဖြစ်နေပြီဆိုတာ...
..........................................................
..........................................................
...........................................................။
Photo: .........မေ့လိုက်တော့........

ငါချစ်တာကို မင်းမသိပေမယ့်

ငါဘာသာငါသိနေတော့ ခက်တယ်....။

မင်းမချစ်တာကို ငါမသိဘူးလို့ မင်းထင်နေပေမယ့်

ငါသိနေတော့ ခံစားရတယ်....။

ငါမင်ကို လွမ်းနေတာကို မင်းမသိပေမယ့်

ငါကိုယ်တိုင်သိနေတော့ မောတယ်....။

မင်းငါ့ကို သတိတောင်မရတာကို

ငါဘာသာငါသိနေတော့ ၀မ်းနည်းရတယ်..။

ချစ်သူရယ် မကြင်နာလို့စိမ်းမှတော့

ငါ့အနားမှာ နင်မနေ တိမ်းရှောင်ခဲ့တာကို

ငါ အပြစ်မပြောပေမယ့်ပြတ်သားစွာနဲ့

မေ့လိုက်ပါဆိုတဲ့ စကားတခွန်းနင်မပြောတာတော့

ငါ စိတ်ဆိုးတယ် ချစ်သူမျှော်လင့်ချက်မရှိပေမယ့်

မျှော်လင့်နေမိတဲ့ ငါ့ကိုယ်ငါလည်းငါစိတ်ဆိုးတယ်။ ။

တော်ပါပြီငါရုန်းထွက်တော့မယ်မင်းမပြောတဲ့ စကား

ငါမင်းကိုပြောတော့မယ်

ငါ့ကို

မေ့လိုက်တော့ ချစ်သူ--------------ရယ်

ထာဝရ( သဲသွယ် )
20.9.2013

နင်ပြောတဲ့စကားလေးတခွန်းကို

သိပ်ချစ်တာပဲလို့ 
နင်ပြောတဲ့စကားလေးတခွန်းကို
အချိန်တိုင်း ကြားချင်မိတယ်

အရမ်းလွမ်းတယ်လို့ 
နင့်ပြောတဲ့စကားကို
ငါအမြဲတမ်း ကြားချင်မိတယ်

ငါကလည်....နောက်ထပ်ဆိုတာ မရှိတော့အောင်
နင့်ကို............အရမ်းချစ်
သလို
ငါအချစ်အလွမ်းတွေကို
နင့်တစ်ယောက်တည်းကိုပဲ ပေးထားခဲ့တာမို့ လို့ ပါ.
 
Photo: အချစ် ကို စတင်မွေးမြူမိတဲ့ ငါ့နှလုံးသားမှာ
အလွမ်းတွေရဲ့ နှိပ်စက်ခြင်းကိုလည်း
ခံစားရမယ် ဆိုတာ သိလျက်နဲ့
ငါ နောက်မဆုတ်မိတာ မှားသွားလားဟာ ………

ချစ်မိပြီးမှတော့ မမုန်းရက်တော့လည်း
အဝေးကနေပဲ လွမ်းဆွတ်ရင်း
တိတ်တိတ်လေးပဲ ဆက်ချစ်နေပါရစေတော့ ချစ်သူရယ် ………


ချစ်သူသို့                           A.P.M

ရင်ထဲကအလွမ်း

ရင်ထဲကအလွမ်း

ရင်ထဲမှာပဲရှိပါစေတော့...။

တွယ်တာလှပါရဲ့ 
ဒါပေမယ်

နင့်နောက်ကွယ်ရာကပဲချစ်နေမယ်...
......။
=====================================
 
အကြောင်းပြချက် မခိုင်လုံပေမယ့်

ခိုင်လုံတဲ့ အရာတွေ များစွာထဲမှာ

နှလုံးသားရဲ့ဆန္ဒ ပါဝင်တယ်

အေးစက် တဲ့ အမုန်း ကိုပဲ ဖြစ်ဖြစ်

ချစ်ခြင်းရဲ့ အစွန်းတဖက်လို့ ယူဆပြီး မြဲမြဲ ဆုပ်ကိုင်ထားချင်တယ်

အချစ်နှင့်ပတ်သတ်သမျှ အရာအားလုံး အမုန်းမှာတောင် မေတ္တာအပြည့်ရှိတယ်

ချစ်သူ.....နင်သိထားဖို့ ပေါ့....။ ။ ။ ။

ကဗျာ,


လွန်လေပြီးသော အတိတ်မှာ

ပြည်ဖုံးကား ချ လို့မရတဲ့ အချစ်တွေရှိတယ်

ဖြစ်နေဆဲ ပစ္စုပ္ပန်မှာ

မေ့လို့မရတဲ့ အလွမ်းတွေ ရှိတယ်

ဖြစ်လာမယ့် အနာဂတ်မှာ

ပျော်ရွှင်ခြင်း ဆန္ဒတွေ ရှိတယ်....................။
 
.............................................................................
 
ငါ့ကို ဖမ်းစားနိုင်ခဲ့သော
ထိုသူရဲ့ ...နှလုံးသားကို
ငါပိုင်ချင်ခဲ့ ပါတယ်
ဒါပေမယ့်

ငါရရှိပိုင်ဆိုင်ခဲ့ တာက
အရှုံး******
 
...............................................
 
ငါမင်းကိုချစ်ပါတယ်
ခုတော့---------------
မင်းထက် အလွမ်းတွေကို ငါပိုချစ်တယ်...။

မင်းနဲ့ တွေ့တဲ့အချိန်တွေထက်
မင်းကိုလွမ်းတဲ့ အချိန်တွေကို
ငါ နှစ်သက်လာတယ်....................။
 
.................................................................
 
ပြတ်သားစွာနဲ့

မေ့လိုက်ပါဆိုတဲ့ စကားတခွန်း

နင်မပြောတာတော့

ငါ စိတ်ဆိုးတယ် ချစ်သူ

မျှော်လင့်ချက်မရှိပေမယ့်

မျှော်လင့်နေမိတဲ့ ငါ့ကိုယ်ငါလည်း

ငါစိတ်ဆိုးတယ်။ ။
..............................
.......................

ရူးမတတ် ချစ်ခဲ့တာပါ....

ထားသွားမှာကြောက်တဲ့သူကိုမှ

သူထားသွားတယ်

ခွဲမသွားပါနဲ့ တောင်းပန်နေမှ

သူ ထွက်သွားတယ်

အချစ်ကို မကိုးကွယ်ခဲ့ပေမယ့်

တင်းကျပ်စွာ ဆုပ်ကိုင်ထားချင်မိတယ်..

အချစ်ကို မရူးသွပ်ခဲ့ပေမယ့်

ရူးမတတ် ချစ်ခဲ့တာပါ...................
........Photo: အချစ် ဆိုတာကို စတင်ပြီး ငါ့ရဲ့နှလုံးသား နေရာမှာ ခိုနားခွင့် ပြုလိုက်ကတည်းက

အလွမ်းဆိုတာလည်း ရှိလာလိမ့်မယ်လို့
ငါမျှော်လင့်ထားခဲ့ဖူးပါတယ် ……

ဒါပေမယ့် ဒီလောက် ပြင်းထန်ပြီး နာကျင်ခံရခက်လှတဲ့ ဝေဒနာတွေကို သူ ဖန်တီးနိုင်လိမ့်မယ်လို့ ငါတကယ်ကို မထင်ခဲ့မိဘူးဟာ …………


ချစ်သူသို့                          A.P.M

ဖြတ်မရတဲ့ သံယောဇဉ်ကြိုးလေးရယ်ပါ.....။

လွမ်းရမယ်မှန်းလဲမသိ

ချည်တာလဲ မဟုတ်

ဖြုတ်ဖို့ လည်မလွယ်

တကယ်ထင်ထင် မမြင်ရပေမယ့်

ခိုင်မြဲလှတယ်

ရစ်ပတ်လို့ နှောင်တွယ်

မိတယ်လို့ မသိ

ဖြတ်မရတဲ့

သံယောဇဉ်ကြိုးလေးရယ်ပါ.....။

 Photo: ရယ်‌သံ‌တွေပဲကြားချင်‌တယ်‌ချစ်‌သူ...‌‌

ကျေးဇူးပြုပီး မငိုပါနဲ့

ငါ့နှလုံးသားကနင့်‌ရယ်‌သံ‌တွေကြားမှာ

အသက်‌ရှင်‌‌နေတဲ့အရာတစ်‌ခု...။

အနမ်း‌တွေပဲ ရချင်‌တယ်‌ချစ်‌သူ..

‌ကျေးဇူးပြုပီးအလွမ်း‌တွေမေ‌ပးပါနဲ့

ငါ့နှလုံးသားကနင့်‌အနမ်း‌တွေကြားမှာ‌

ပျော်‌ရွှင်‌တဲ့ အရာတစ်‌ခု...။

အချစ်‌‌တွေပဲ ရချင်‌တယ်‌ ချစ်‌သူ..‌

ကျေးဇူးပြုပီး အမုန်း‌တွေမ‌ပေးပါနဲ့..

စဉ်းစားဘူးတဲ့အနာဂတ်‌တစ်‌ချို့

ငါ့နှလုံးသားအတွက်‌  ဖြစ်‌မလာမှာ စိုးလို့ပါ...။

                        အမုန်း ကျိန်စာ

နင့်မသိနိုင်တော့ပါဘူး......

နင့်မေ့ပစ်လိုက်ပေမယ့်
နင့်နဲ့ ပတ်သတ်ရင်
စကားလုံးတစ်လုံးကအစ
အမှတ်ရနေတယ် ဆိုတာ
နင့် မသိပါဘူး............

မစဉ်းစားတော့ပေမယ့်
တိုက်ဆိုင်မှုတွေ ရှိလာတိုင်း
အတွေးတွေထဲ
နင့်ဝင်ဝင်လာတတ်တာ
နင့်တော့...သိမယ်မထင်ပါဘူး.....

နင့်မှတ်မိမှာ...မဟုတ်ပေမယ့်
ကောင်းကင်ကို မော့ကြည့်မိတိုင်း
နင့်ပုံရိပ်တွေ မြင်ယောင်ရင်း
လွမ်းဆွတ်နေဆဲဆိုတာ
နင့်..သိနိုင်မှာမဟုတ်တော့ပါဘူး
....


လက်တွေ့ မှာ...အမုန်းကိုယ်စီးနဲ့
ဖြစ်နေပေမယ့် 
အတိတ်က တို့ နှစ်ယောက်အကြောင်းတွေကို
ပြန်တွေးမိတိုင်း
ကြည်နူးနေမိတာ
နင့်မသိနိုင်တော့ပါဘူး......

နာကြည်းလိုက်ရပေမယ့်
မတည်ငြိမ်နိုင်သေးတဲ့
ငါ့နှလုံးသားက
နင့်ကို တောင့်တနေသေးတာ
နင့် ယုံကြည်မှာ...မဟုတ်တော့ပါဘူး......
 
 Photo: ငါရဲ့အချစ်တွေကိုနင်သိဖို့မလိုဘူး

ငါကိုယ့်ငါသိရင်ပြီးပြီပေါ့

ငါရဲ့ကရုဏာတွေကိုနင့်ကိုပြသဖို့မလိုဘူး

ငါ့ရင်ထဲမှာရှိရင်ပြီးပြီပေါ့

ငါရဲ့မေတ္တာာတွေကိုနင်သိဖို့မလိုဘူး
ငါသာမေတ္တာရှိရင်ပြီးပြီပေါ့

ငါရဲ့သံယောဇဉ်တွေကိုနင်ချည်နှောင်ဖို့မလိုဘူး.

ငါ့စိတ်ကရစ်ဖွဲ့ထားရင်ပြီးပြီပေါ့

ငါ့ရဲ့သစ္စာတွေကိုနင်ရှေ့မှာတိုင်တည်ဖို့မလိုဘူး

ငါကနင့်အပေါ်သစ္စာရှိရင်ပြီးပြီပေါ့။ ။

                    အမုန်း ကျိန်စာ

တိုလေး

ဝေးကွာခြင်းကိုအပြစ်တင်ရမလား

မဖြစ်နိုင်တာကို စွဲလမ်းခဲ့တဲ့

ငါနှလုံးသားကိုပဲ အပြစ်တင်ရမှာလား...

လက်ဆုပ်လက်ကိုင်ပြမရတဲ့..

ငါ့အချစ်တွေ နင်မမြင်နိုင်တာ အပြစ်တင်ရမှာလား.???
 
-----------------------------------------------------------------------
 
 
မခေါ်ပဲ ရောက်လာတဲ့ 
ဒဏ်ရာ ...............
ပုန်းကွယ်ရမလား
ခုခံ ရမလား မသိပေမဲ့ 
ရင်ထဲမှာ တဆစ်ဆစ်နဲ့ 
အဆိပ်တက်...........
အိမ်မက်တွေ ကြားမှာ
ခုတော့  ငါ့ တစ်ယောက်တည်း
ယောင်လည်လည်ပါပဲ...........ဟ...
 
=====================================================
 
 

တစ်ခါတစ်လေ.....နင်အရမ်းလွမ်းတဲ့အခါ...

ငါကို.....မုန်းလိုက်ပါ...........................

တစ်ခါတစ်လေ....နင်ငါအတွက်နဲ့  နာကျင်ရတဲ့အခါ

ငါကို...ဒေါသဖြစ်.....ခါးသီးလိုက်ပါ.............

ဒါကို...ငါကိုမေ့ဖို့ ....နင့်ပိုလွယ်လိုက်မယ်ထင်တယ်....မောင်...။

ငါ မျက်ရည်မကျတတ်တော့ဘူး

ငါ မျက်ရည်မကျတတ်တော့ဘူး
နင်ပေးတဲ့ ဥပေက္ခာတွေက
ငါ့မျက်ရည်တွေ ခန်းခြောက်သွားစေလို့.........

ငါ မနာကျင်တတ်တော့ဘူး
နင်ပေးတဲ့ ရက်စက်မှုတွေကြောင့် နာကျင်နေရတဲ့
ငါ့နှလုံးသားလေး ဆွအံသွားခဲ့ရလို့ ..........

ငါ မတမ်းတတော့ဘူး
နင်ဆီမှာ ရှိတဲ့ အနိုင်ယူလိုမှုတွေကြောင့်
ငါရဲ့အလွမ်းနဲ့ မေတ္တာတွေက..ထုံကျင်းအေးစက်သွားခဲ့ရလို့ ......။

အနာဂတ်ပန်ချီးကားက

ငါ့အနာဂတ်ပန်ချီးကားက ဟောင်းနွမ်းဆွေးမြေ့ပြီ
ဆက်ပြီး ပုံပြင်ဟောင်းတစ်ပုဒ် ချရေးပါဦးမှာလား
တော်သင့်ပြီချစ်သူ..

နင်အသုံးချခဲ့တဲ့ နှလုံးသားမှာ
ခြစ်ရာတွေ အက်ရာတွေအထပ်ထပ်နဲ့ နက်လွန်းနေခဲ့တယ်
နင့်မသိခဲ့ တာမဟုတ်ဘူး နင့်မသိချင်ယောင်ဆောင်ခဲ့ တာပါ

်ဒိုင်ယာရီပေါ် ရေးခြစ်ခဲ့တဲ့
ကြည်နူးမှုမှတ်တမ်းလေးတွေကို ဆုတ်ဖြဲပြီ
အနာဂတ်ရဲ့...ဒိုင်ယာရီမှာအလွမ်းစာတွေ
နေရာယူခဲ့ရတာ.....အရမ်းများထူးခြားဆန်းကြယ်နေမှာလား...?

ထာဝရ
24.9.2013