Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Monday, 15 April 2013

ခံယူထားသော လက်ဆောင်.............

နင့်ဆီက ငါရခဲ့တဲ့အကောင်းဆုံးလက်ဆောင်က

နှလုံးသားမှာ အပြင်းဆုံးဒဏ်ရာတွေပါပဲ

နာကျင်မိတယ် ချစ်သူ

ဒါပေမယ့် ငါထွေးပိုက်ထားဆဲပဲလေ

နောင်တ တွေလည်းမရှိခဲ့ဘူး

အမုန်းတွေလည်းဖြစ်မသွားဘူး

ငါ့ရင်မှာ ခိုင်ခိုင်မာမာ တည်ရှိသေးတယ်

ချစ်သူ.....နင့်ပေးတဲ့အကောင်းဆုံးလက်ဆောင်တွေပေါ့....။

Wednesday, 20 February 2013

ယောကျာ်းလေးများအတွက်...ဥပဒေသစ်

  ၁။    ။ မိမိချစ်သူ့ မိန်းကလေးအား..နာကျင်ကြေကွဲစေပါက..စစ်မြေပြင်မှ သစွ့ာဖောက်သူအဖြစ်
         အရေးယူရမည်။
၂။     ။ကွယ်ရာမှာ မိန်းကလေးများကို အတင်းတုတ်သူအား...
        သဘာဝအလှတရားကို ဖျက်စီးသူအဖြစ်အရေးယူရမည်။
၃။    ။ကိုယ့်ကိုကိုယ့်အထင်ကြီး၍..မာနကြီးသော  ယောကျာ်းများအား..
       အောင်မြင်ရန်မရှိသော စစ်မြေပြင်သို့..ပို့ဆောင်းခြင်ခံရမည်။
၎။    ။ဟန်ဆောင်အင်မတန်တော်သောသူနဲ့..အချော့အင်မတန်ကြိုက်သူအား.
       လူကောင်းများကို ဖျားယောင်းသွေးဆောင်သူအဖြစ် အရေးယူရမည်.
၅။    ။သူတစ်ပါး၏ မိန်းကလေးများကို  မျက်စီကျသောသူအား..
       မီတာဘောက်စ်မထားဘဲ လျှစ်စစ်ဓာတ်အားကိုသုံးစွဲမှုဖြင့်အရေးယူရမည်။
၆။    ။ရည်းစားများများထားသော ယောကျာ်းလေးများကို..
        နိုင်ငံတော်ပိုင်းပစွ့ည်းအား ခိုးယူမှုဖြင့်အရေးယူရမည်။
၇။     ။အသက်၂၅ နှစ်အရွယ်ထိ အိမ်ထောင်မပြုသေးသော ယောကျာ်းတို့ကို
       အလုပ်ချိန်အတွင်း...စက်ကိုရပ်နားထားသူအဖြစ်အရေးယူရမည်။
၈။    ။အသက်၂၅ ပြည့်သော်လည်း...ရည်းစားတစ်ယောက်မျှမထားနိုင်သောသူအား..
      အဖျက်သမားအဖြစ် အရေးယူရမည်။

ရာဇသတ်ကျင့်ထုံးဥပဒေသစ်

-ပိုးပန်းသူများသော အမျိုးသမီးမှန်သမျှ မိမိနှစ်သက်ရာတစ်ယောက်ကို ရွေးယူပြီး 
ကျန်ယောကျာ်းများကို လိုအပ်နေသူများအား လွဲပြောင်းပေးရမည်။
၂-မျက်နှာအလှပြင်ဆေးအမျိုးမျိုးကို အသုံးပြုသူ အမျိုးသမီးများအား 
သက်သေအထောက်ထား စာရွက်စာတမ်းတို့ကို အတုလုပ်သူအဖြစ် အရေးယူနိုင်သည်။

၃-မိမိ၏ချစ်သူကို တစ်ခါမှမနမ်းဘူးသေးသော လူငယ်တို့ကို 
အလုပ်တာဝန် လစ်ဟင်းမှုဖြင့် အရေးယူရမည်။
၎-မိမိချစ်သူကို ချစ်နေကြောင်းဖွင့်ပြောရန် မ၀ံ့မရဲ ဖြစ်နေသူ
လူငယ်တို့ကို စစ်မြေပြင်မှ ထွက်ပြေးသူအဖြစ် ခုံရုံးတင်စစ်ဆေးရမည်။
၅-လမ်းပေါ်တွင် ဖက်ရမ်းနမ်းရှုပ်နေသော စုံတွဲတို့ကို လမ်းစည်းကမ်းဖောက်ဖျက်မှုဖြင့်
အရေးယူရမည်။
၆-ကလေးမရှိသော လင်မယားတို့ကို အလုပ်တာဝန် ပေါ့လျော့မှုဖြင့် အရေးယူရမည်။
၇-အိမ်ထောင်ရှိမိန်းမတို့ကို လိုက်ပိုးနေသူယောကျာ်းများအား 
တားမြေနယ်မြေတွင် အမဲလိုက်မှုဖြင့် အရေးယူမည်။
၈-ယောကျာ်းတစ်ယောက်ကို ကြိုက်ချင်ယောင်ဆောင်သောမိန်းမများနှင့်၊
မိန်းမတစ်ယောက်ကို ကြိုက်ချင်ယောင်ဆောင်သူတို့ကို 
တစ်ဖက်လူကို နာကျင်စေမှုဖြင့် ထိရောက်စွာအရေးယူမည်။
၉-မိမိ၏မိခင်အိမ်တွင် မယားဖြစ်သူကို အတင်းနေခိုင်းသူအား
လူကောင်းကို အရူးထောင်သို့ပို့ သူ အဖြစ် အရေးယူရမည်။