Tuesday, 24 September 2013

ရူးမတတ် ချစ်ခဲ့တာပါ....

ထားသွားမှာကြောက်တဲ့သူကိုမှ

သူထားသွားတယ်

ခွဲမသွားပါနဲ့ တောင်းပန်နေမှ

သူ ထွက်သွားတယ်

အချစ်ကို မကိုးကွယ်ခဲ့ပေမယ့်

တင်းကျပ်စွာ ဆုပ်ကိုင်ထားချင်မိတယ်..

အချစ်ကို မရူးသွပ်ခဲ့ပေမယ့်

ရူးမတတ် ချစ်ခဲ့တာပါ...................
........Photo: အချစ် ဆိုတာကို စတင်ပြီး ငါ့ရဲ့နှလုံးသား နေရာမှာ ခိုနားခွင့် ပြုလိုက်ကတည်းက

အလွမ်းဆိုတာလည်း ရှိလာလိမ့်မယ်လို့
ငါမျှော်လင့်ထားခဲ့ဖူးပါတယ် ……

ဒါပေမယ့် ဒီလောက် ပြင်းထန်ပြီး နာကျင်ခံရခက်လှတဲ့ ဝေဒနာတွေကို သူ ဖန်တီးနိုင်လိမ့်မယ်လို့ ငါတကယ်ကို မထင်ခဲ့မိဘူးဟာ …………


ချစ်သူသို့                          A.P.M

No comments:

Post a Comment