Wednesday 20 November 2013

သိထားရက်နဲ့လေ.....

ပြန်မလာတော့ဘူးဆိုတာ သိနေရက်နဲ့

နင့်ငါကို ချစ်နေပါတယ်ဆိုတဲ့

မိုက်မဲ့တဲ့စိတ်တွေကို ဖက်တွယ်ထားရင်း

ငါ့ဆီပြန်လာမဲ့အချိန်ကို...တမ်းတနေခဲ့တာ

ငါရူးနေခဲ့လို့ ဖြစ်မှာပါ.....ချစ်သူ..................။


နင့်တစ်ခါတစ်လေတောင် သတိရမှာ

မဟုတ်ဘူးဆိုတာ သိရက်နဲ့

နင့်ငါကို Message စာတစောင်

ပို့ မှာပါဆိုတဲ့....ခပ်ကြောင်ကြောင်စိတ်ကူးတွေနဲ့ 

ငါအကြိမ်ကြိမ် အခါခါ မျှော်လင့်နေခဲ့မိတာ

ငါတကယ်ရူးနေခဲ့လို့ဖြစ်မှာပါ......ချစ်သူ..............။

အက္ခရာ
19.11.2013

1 comment: