Tuesday, 24 September 2013

နင်သာ ပြန်လာခဲ့မယ်ဆို

နင်သာ နားထောင်ပေးမယ်ဆို
ပြောချင်တဲ့စကားလုံးတွေ
ရင်ဘက်ထဲမှာ အပြည့်ရှိတယ်......

နင်သာ အကြောင်းအရာတွေ
နားလည်ပေးမယ်ဆို
ရှင်းပြချင်တဲ့ စကားလုံးတွေ
ရင်ဘက်ထဲမှာ အပြည့်ရှိတယ်.......

နင်သာ စာနာမှူနဲ့  ပြန်ချစ်မယ်ဆို
ပေးဆပ်စရာ အချစ်တွေ
ရင်ဘက်ထဲမှာ အပြည့်ရှိတယ်......

နင်သာ ပြန်လာခဲ့မယ်ဆို
အရှုံးပေးစရာနဲ့ 
ရင်ဘက်ထဲမှာ
ခွင့်လွတ်ကြင်နာခြင်းတွေ အပြည့်ရှိတယ်.....

ရင်ဘတ်ထဲမှာတော့  နင့်အတွက် နေရာအပြည့်ပါပဲ ချစ်သူ

Photo: အိပ်မက် ဆိုတာ နိုးထချိန်မှာ ပျောက်ကွယ်သွားမယ်မှန်း ငါသိနေပေမယ့် ……

ငါ့ အိပ်မက်တွေက ခါးသီးလွန်းလို့ အိပ်စက်ခြင်း ဆိုတာကိုပါ ငါရှောင်ပုန်းနေမိပြီဟာ ……

ချစ်သူသို့                        A.P.M

No comments:

Post a Comment