- ချစ်သူ ပေးတဲ့ အနမ်းတချို့ ရှိတယ်..
ငါမက်မက်မောမော ရှုရှိုက်ခဲ့ရတဲ့ လေညှင်းတွေထဲမှာပေါ့...
**********
- ချစ်သူ ပေးတဲ့ အမှတ်တရတွေ ရှိတယ်..
ငါရင်ထဲမှာ မှတ်ကျောက်တင်ထားတဲ့ စကားပေါင်းများစွာပေါ့...
**********
- ချစ်သူ ပြောတဲ့အမှာ စကားတချို့ ရှိတယ်..
ကျန်းမာရေးဂဂုစိုက်ပါ ၊ ဆေးပုံမှန်သောက်ပါ ၊
ညနက်ထိ မထိုင်နဲ့ လို့ လေ...
**********
- ချစ်သူ ပေးတဲ့ ခါးသီးမှုတစ်ချို့ လဲရှိတယ်..
တခါတရံ ဥပက္ခပြုခံရတဲ့ ငါနှလုံးသားမှာလေ ခါးသီးမှုဒဏ်ရာ
တစ်ချို့ ရှိနေတယ်...
**********
- ချစ်သူပေးတာ ချိုမြိုန်တာတွေလဲံရှိတယ်..
ငါမြတ်မြတ်နိုးနိုးနဲ့  လွတ်ဆွတ်တမ်းတချင်တွေလေ...
No comments:
Post a Comment