- ကို..တွေးကြည့်လိုက်တိုင်း တစ်ယောက်တနေရာစီ ဝေးနေကြရပေမဲ့...
ငါရဲ့ ဘယ်ဘက်နှလုံးမှာ မင်းကနီးနီးလေးပါ..
ငါရင်ထဲမှာ မင်းအမြဲရှိနေလို့ လေ...
*********
- ကို..အလုပ်တွေနဲ့  ပတ်ချာရိုက်နေရလို့  ကို..စိတ်ထဲကနေမလွမ်းအားပါဘူးမပြောလိုက်နဲ့ နော်...
ငါရဲ့ရွေ့ လျားနေတဲ့စက္ကန့် တိုင်းမှာ အမှတ်တမဲ့အမြဲတမ်းလွမ်းနေရခဲ့သူပါ....
**********
- ကို..ချစ်တယ်လို့  ငါအမြဲတမ်း ဖွင့်ဟမပြောဆိုခဲ့ပေမဲ့...
ကို - ကိုမချစ်ခဲ့ဘူးမဟုတ်လားလို့  မစွတ်စွဲလိုက်ပါနဲ့ နော်...
ကို-ကိုချစ်ခဲ့ရတဲ့ အချစ်တွေအလွမ်းတွေနဲ့ ...
ငါ့ရဲ့ မနက်ဖြန်တွေတိုင်းနဲ့ ..အနာဂတ်သစ်တခုကို လျှောက်လှမ်းနေခဲ့ရတာပါ။။။။။။
No comments:
Post a Comment