- ကို..ပြောသမျှကိုခေါင်းညိမ့်နားထောင်ခဲ့တာ..
နင့်ဆိုးသမျှကို မသိဟန်ဆောင်ခဲ့တာ
မှားယွင်းနေမှန်းသိရက်နဲ့  ရိုးသားစွာပျော်ရွှင်ခဲ့တာပါ..
- နူးညံ့လှတဲ့ စကားလေးတွေကို သံသယနဲ့  မိုက်မဲ့စွာ
ယုံကြည်သက်ဝင်နေခဲ့မိတာပါ..
**********
- ဒီအချစ်တွေက လှပတဲ့ကဗျာတပုဒ်ဖြစ်မလာဘူး..
ခါးသီးတဲ့ မျက်ရည်တော့ဖြစ်လာတယ်..ကို
တနေ့ နေ့  တချိန်ချိန်ကျရင်ပေါ့..
မင်းရင်ဘတ်တနေရာရာမှာ..နာကျင်နေခဲ့လာပြီဆိုရင်..
မင်းလှည့်စားခဲ့တဲ့ ငါကိုပါးပါးလေးသတိရပေးပါ
ငါအရမ်းချစ်ခဲ့တယ်ဆိုတာကိုလေ။။။။။။။။။။။။။။။။။
No comments:
Post a Comment