Wednesday, 20 February 2013

♪♥♪♥✞♥ချစ်သူကြားစေ♥✞♥♪♥♪

ချစ်မိပြန်ချေ အသည်းကြွေကာ
ရင်ဝယ်နေမင်း ဆယ်စင်းပူသို့
မချိခံသာ နေလာရာဝယ်
ပြုံးနုအေးမြ မြင်ပါရမူ
ရင်မှာအပူငြိမ်းသည်သို့…………
မိုင်များခြားနေ တစ်မြေဆီမှာ
ရင်မှအလွမ်း နှိပ်စက်စွမ်းကြောင့်
အိပ်ပျက်ညတွေ အသင်္ချေလည်း
ချစ်သူ့မျက်နှာ မြင်ယောင်ရာတွင်
ဝေဒနာဖယ်ခွာပြေးသည်သို့…………
ချစ်စွာရင်မှာ ကြင်နာပါလည်း
သူကမချစ် ပြန်မကြင်နာ
ချစ်သူကွေကွင်း ဆင်းရဲခြင်းနှင့်
ကြုံနေရကား ၀ဋ်ကျွေးများကို
တွန်းလှန်ခြင်းငှာ မစွမ်းသာ၍
ရင်တွင်းမျက်ရည် သက်သေတည်ပြီး
ချစ်သူကြားစေ ကြယ်စင်တွေနှင့်
လေညှင်းစကား ငှက်ကျေးများပါ
သတင်းဆောင်ကာ ပြောပေးပါလေ
သူမကြင်နာ မချစ်ပါလဲ
ဆုံးသက်တိုင်စေ စောင့်စားနေကာ
ချစ်နေလျက်မြဲ ချစ်နေဆဲ……….။ ။

No comments:

Post a Comment