ချစ်သူကို ရဖို့ အတွက်
သူတကယ်....အသက်ကိုရင်းခဲ့တယ်။
သူ......တကယ်လဲ ရရှိခဲ့ပါတယ်....
ဒါပေမဲ့.......
ယှဉ်မရတဲ့ ဘုန်းကံ......
ပြန်လှည့်မလာတဲ့......ချစ်သူရဲ့ ချစ်ခြင်း
မြတ်နိုးခြင်း....စွန့်လွှတ်ခြင်းတွေနဲ့ အတူ
သူအသက်ကိုပါပေးခဲ့တယ်။
သူ့ချစ်သူပျော်နေတဲ့အချိန်မှာ....
သူ....တိမ်တွေကြားမှာလား
ငရဲခန်းမှာလား.......သေချာတာကတော့
ချစ်ခဲ့ရခြင်းအတွက်....
သူတကယ်သေဆုံးသွားခဲ့တယ်ဆိုတာပဲ။
သေဆုံးချိန်မှာတောင်......
ရင်ကိုခွင်းတဲ့ မြှားတစ်စင်းကို ဆုပ်ကိုင်
ချစ်သူ.......ယိုင်လဲမသွားစေဖို့
ဆုတောင်းပေးခဲ့မယ်ထင်တယ်။
တကယ်တော့.......
ဒဿမှာလဲ......အသဲရှိမှာပါ။
သေချာကြည့်ကြပါဗျာ......
သူကျိုးစားခဲ့ပါတယ်။
ကျွန်တော်လဲ ယုံကြည်ပါတယ်
သူ...တကယ်ချစ်ခဲ့တယ်..........လို့။
No comments:
Post a Comment