မဟောင်းတဲ့အချစ်
အသစ်တွေဖြစ်ရင်း
ဒဏ်ရာတွေနဲ့ လှပခဲ့တာ
ဘာပဲဖြစ်ဖြစ်
ငါမင်းကိုစိတ်မနာဘူး…..
မင်းကြောင့်ကျတဲ့ မျက်ရည်တွေ
ငါ့အချစ်တွေနဲ့ အေးခဲစေမယ်
မင်းကြောင့်ရတဲ့ ဒဏ်ရာတွေ
ငါ့မေတ္တာတွေက ကုစားပေးလိမ့်မယ်
ငါ့နှလုံးသားရဲ့တန်ဖိုးကို
နာကြင်ခြင်းတွေကဆုံးဖြတ်ပေးလိမ့်မယ်…….
မင်းနာမည်လေးတီးတိုးရေရွတ်လိုက်ရုံနဲ့
ငါ့ဝေဒနာတွေ အဝေးရောက်သွားစေတယ်….
ချစ်သူရယ်….
ငါလေ ဆုတောင်းချင်တယ်
နင်ယုံကြည်ထိုက်တဲ့သူဖြစ်ချင်တယ်
နင်အားကိုးလောက်တဲ့သူဖြစ်ချင်တယ်
နင်ခိုနားရာငါ ဖြစ်ချင်တယ်….
နင့်ကိုအေးမြစေချင်တယ်………..
နင်တောင့်တလိုက်တိုင်း ငါဖြည့်ဆည်းပေးချင်တယ်
တကယ်တော့လေ
ချစ်ခြင်းရဲ့အခြားမဲ့မှာ ခွင့်လွှတ်ခြင်းတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ အေးမြတဲ့မေတ္တာတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ စွန့်လွှတ်ခြင်းတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ အနစ်နာခံခြင်းတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ ပေးဆပ်ခြင်းတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ ဖြူစင်ခြင်းတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ………
………………………………..
….. အဆုံးမသတ်နိုင်တဲ့ ချစ်ခြင်းတွေရှိနေတယ်

ချစ်သူရယ်…
တကယ်တော့အချစ်ဆိုတာ
အချစ်ချည်းသက်သက်ပါပဲကွယ်……….
No comments:
Post a Comment