Wednesday, 20 February 2013

♥♥♥☂☂သိစေချင်တယ်♥♥♥☂☂

မင်းထင်သလို မဟုတ်ခဲ့ပါဘူး
ခဏတာစွဲလန်းပြီး အမြဲတမ်းမေ့မယ်ဆိုတဲ့
မှတ်ချက်စကားတွေကို ပြန်ရုပ်သိမ်းပေးပါ
မင်းမချစ်ရင်နေ ငါ့အချစ်ကိုမစော်ကားသင့်ဘူး
မင်းတွေ့ဖူးသမျှပေါ့ပျက်ပျက် လူတွေထဲမှာ
ငါမပါဘူး.........
မျှော်လင့်ချက်တွေဖောဖောသီသီပေးပြီး
နောက်ဆုံးကျမှ ရိုက်ချိုးတတ်တာ
မင်းရဲ့အကျင့်တစ်ခုလား......
ငါလဲလူပဲ
အသည်းမမာတော့ အသည်းနာတတ်တာကို
မင်းသိသင့်တယ်
မေ့ဖို့မလွယ်လဲ ငါကြိုးစားမယ်
ဘယ်လောက်ပဲနာကြင်နေပါစေ ငါရအောင်မေ့မယ်
တစ်ခုပဲ........
ငါမင်းကိုချစ်တာ မင်းထင်တာထက်ပိုပြီး
လေးနက်ခဲ့တယ်ဆိုတာကိုတော့
မင်းသိစေချင်တယ်...........

No comments:

Post a Comment