Friday, 21 June 2013

နှလုံးသားသေဆုံးမသွားချင်ဘူး...။

သတိမထားမိပါဘူးချစ်သူ

နှောင်ကြိုးလေးတွေက

ငါ့ရင်ဘတ်ကို အထပ်ထပ်တုတ်နှောင်

ဘယ်ထိအောင်ခိုင်မြဲခဲ့လဲ

မှန်ဆလို့ မရခဲ့ပါဘူး ချစ်သူ......။

ဆန္ဒတွေ ဖြစ်တည်တိုင်း

စည်းချက်ကျကျလှုပ်ရှားနေတဲ့

ဝဲဘက်ရင်အုံအောက်က

နင်အတွက် အပိုင်ပေးထားတဲ့ 

နှလုံးသားတစ်ခု.....။

မကစားပါနဲ့ ချစ်သူ

ပြင်းထန်တဲ့  ထိချက်တွေ

စူးနှစ်ဝင်ရောက်လာခဲ့ပြီမှ

ငါ့........

နှလုံးသားသေဆုံးမသွားချင်ဘူး...။

No comments:

Post a Comment