Friday, 21 June 2013

လှပခမ်းနား

အတိတ်တွေ၊

အနာဂတ်တွေ

ခဏလောက်မေ့ထားပြီး

ရူးသွပ်စွာချစ်ခဲ့မိတာ..

အပြစ်တစ်ခုလား....။

စက္ကန့်လေးခြားတောင်

ဆွေးရအောင် လွမ်းတက်နေမှတော့

ဝေးရဖို့တော့ မပြောလိုက်ပါနဲ့ ..

ရင်ဘတ်က ခံနိုင်ရည် မရှိတော့လို့ပါ ...။

အတွေးနဲ့တောင်

ခါးနေအောင်လွမ်းတဲ့ အလွမ်းတွေအကြောင်း

နင်သိအောင်ပြောပြဖို့ ကြိုးစားရင်းနဲ့ပဲ

အလွမ်းမိုးတွေနဲ့ ရွဲရွဲစိုသွားခဲ့ရသူလေးပါ............။

မပြည့်စုံတဲ့

လောက ဆိုပေမယ့်

တူညီတဲ့ ဘယ်ဘက်ရင်အုံနဲ့

ပြင်းပြတဲ့ဆန္ဒတစ်စုံ ရှိနေမှတော့ မျှော်လင့်ချက်တွေ

လှပခမ်းနားနိုင်သေးတယ် မဟုတ်လား..ချစ်သူ..........။

No comments:

Post a Comment