Wednesday, 20 February 2013

### မသိတော့ဘူး###

- အာဒံ နဲ့  ဧ၀ တို့ 
  ရိုမိယို နဲ့  ဂျုးလိယက်တို့လို့ 
  တို့တွေချစ်ခဲ့ကြတယ်လို့ ..ထင်မိတာ...

- ဒါပေးမဲ့ရင်ဘတ်တစ်စုံကို
  သေချာ မမြင်နိုင်ခဲ့မိဘူး...

- မှားယွင်းမှုလား
  သက်ပြင်းတွေနဲ့  တွေဝေမှုတွေကိုပဲ
  ပိုင်ဆိုင်ခဲ့တယ်...

- မင်းပုံရိပ်ကို တွေးမိရင်
  စိတ်ထဲမှာ  လုံခြုံနွေးထွေးမှုရရှိခဲ့ပေမဲ့

- တခါတခါကျရင်
  ငါရင်ထဲကို လှည့်ကြည့်ဖို့ 
  မေ့နေတတ်တဲ့ မင်းကို
  မှားယွင်းစွာ  ချစ်ခဲ့မိလေသလား
  တကယ်ကိုမသိတော့ဘူး...ချစ်သူ..

No comments:

Post a Comment