Wednesday, 20 February 2013

“မင်းနဲ့လက်တွဲဖြတ်သန်းဖို့”

ချစ်သူ
ငါမြင်ချင်တဲ့မင်းရုပ်ပုံလွှာ
ကြယ်တာရာတွေကြားမှာရှာရမှာလား..?
ငါကြားချင်တဲ့မင်းရဲ့ရယ်သံ
ဆည်းလည်းလေးတွေအထံမှာ
ခွင့်ပန်ပြီး
ကြားခွင့်ရဖို့နားစွင့်နေရမှာလား..?
ငါသိပ်သိချင်တဲ့မင်းရဲ့အကြောင်း
ဘယ်လိုပုံနှိပ်ဟောင်းတွေမှာ
ရှာဖွေဖတ်ရမလဲ..?
ငါလိုချင်တဲ့မင်းရဲ့အချစ်
ဘယ်ရာစုသက္ကရာဇ်တွေထဲမှာ
နစ်နေသလဲ..?
မသဲကွဲမပီပြင်သေးတဲ့
ငါ့ဘဝရှေ့ခရီး
မင်းနဲ့လက်တွဲပြီးဖြတ်သန်းဖို့
ငါဇာတ်လမ်းတွေ
အများကြီးရေးရဦးမယ်...။

No comments:

Post a Comment