"အချစ်အတွက် ကံမကောင်းသူငါပေါ့"........
"အချစ်အတွက် ကံမကောင်းသူငါပေါ့"........
ဖြတ်တောက်လို့မရတဲ့ ရေလိုသံယောဇဉ်ကို ငါမုန်းခဲ့တယ်
"အချစ်ကို သံယောဇဉ်ပိုမိတဲ့ငါပေါ့".......
ပုံဖော်ခွင့်မရှိတဲ့ မျှော်လင့်ချက်ကို ငါဖန်တီးခဲ့တယ်
"အချစ် ဆိုတာကို အနာဂါတ်ထဲထည့် အိမ်မက်မက်သူငါပေါ့".....
ဟုတ်တယ် ... ငါလေ ငါပေါ့
မေ့လိုက်တော့မှာလား ချစ်သူ
တစ်ချိန်က..ငါတို့ နှစ်ယောက်ရဲ့အမှတ်တရတွေက
နှလုံးသား တစ်စုံ ရင်းထားရတာလေ
လှည့်ထွက်သွားတော့မှာလား ချစ်သူ
တစ်ချိန်က...ငါတို့ လျှောက်ခဲ့တဲ့လမ်းက
တွဲလက်တွေနဲ့ ဖေးမခဲ့ရတာလေ....
ဆုံးဖြတ်ချက်ချလိုက်တော့မှာလားချစ်သူ
တစ်ချိန်က....ငါတို့ အိမ်မက်တွေက
မျှော်လင့်ချက် တွေနဲ့ တည်ဆောက်ခဲ့ကြတာကိုလေ.
“ဖြေပါဦးချစ်သူရယ်”လို့ …သိပ်ကို မာထန်လွန်းနေတဲ့ နင့်နှလုံးသားကိုငါမေးချင်ပါတယ်
ဘာရယ်တော့ မဟုတ်ပါဘူး
ပျော်စရာလေး တွေ့ကြုံရင် နင့်ကို အရင်ပြောချင်တာ
ဘာရည်ရွယ်ချက်မှ မရှိပါဘူး
စိတ်ညစ်စရာလေး ရင်ဆိုင်ရရင် နင့်ကို အရင်သိစေချင်တာ
ဘာမှတော့ မဆိုင်ပါဘူး
အခန့်မသင့်တာလေးတွေတွေ့ရင် နင့်ကိုအရင် ရှင်းပြချင်တာ
ဘာအတွက်မှ မဟုတ်ပါဘူး
စိတ်ရှုပ်စရာတွေတွေ့ရင် နင့်ကိုအရင် နားလည်စေချင်တာ
ဒီလောက်ပါပဲ
ဒါကြောင့် နင်ဘယ်လောက်အရေးပါသလဲ လို့
ငါ့ကိုထပ်မမေးပါနဲ့..................
No comments:
Post a Comment