Thursday, 21 February 2013

မနက်ဖြန်တိုင်းမှာ မင်းကိုငါ ချစ်နေဦးမယ်........၊

မင်းသိအောင် ပြောချင်တယ် ချစ်သူ...
မင်းငါ့အနားမှ ရှိမှ မင်းကို ချစ်မှာမဟုတ်ဘူး... 
မင်းငါ့ကို ချစ်မှ မင်းကို ချစ်မှာမဟုတ်ဘူး... 
မင်းကို ပိုင်ဆိုင်ရမှ မင်းကို ချစ်မှာမဟုတ်ဘူး...
မင်းကို စွန့်လွှတ်ရမှ မင်ကို ချစ်မှာမဟုတ်ဘူး... 
ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် မင်းကို ငါ အသက်ထက်ချစ်နေနိုင်တယ်... 
ဘာတွေလုပ်လုပ် နားလည်ပေးနိုင်တယ်... 
အဲဒါ ငါ့ရဲ့ နားလည်မှု ဘာပဲဖြစ်ဖြစ် မနက်ဖြန်တိုင်းမှာ 
မင်းကို ချစ်နေရရင် ငါကျေနပ်ပါတယ် ချစ်သူ... 
ဘယ်သူ့မှ ဖျက်ဆီးလို့မရတဲ့ မင်းပုံရိပ်တွေ ငါ့ရင်ထဲမှာ အပြည့်ရှိနေပြီ... 
မင်းသွားလိုရာသွားနိုင်ပါတယ်... ပြန်ချင်တဲ့အချိန် ပြန်လာနိုင်ပါတယ်...

သေသေချာချာလည်း မှတ်ထားပါ...
မနက်ဖြန်တိုင်းမှာ မင်းကိုငါ ချစ်နေဦးမယ်........၊

No comments:

Post a Comment