Tuesday, 24 September 2013

သူမာန်ထန်သွားပီးလေ..

သူ့အကောင့်လေး စိမ်းနေပေမယ့်
မခေါ်ဖြစ်တော့ဘူး...မမြင်သလိုနေေ
ပးလိုက်တယ်
သူမှ စကားမပြောချင်တာလေ.....

သူစာမျက်နှာလေးကို သတိရတိုင်း
သွားမကြည့်ဖြစ်တော့ဘူး
သူနှလုံးသားလေးက
ကိုယ့်ဘ၀လေးထဲမှ မပျော်နိုင်တော့တာ

လွမ်းဆွတ်တိုင်း မငိုဖြစ်တော့ဘူး
သူသိဖို့လည်း မကြိုးစားဖြစ်တော့ပါဘူး
သူမှာ ငါကိုမလိုအပ်တော့တာပဲလေ.......

ငါ့လွမ်းတယ်ဆိုတာ သူသိဖို့ 
မရေးဖြစ်တော့ပါဘူး
ငါတမ်းတနေတယ်ဆိုတာ သူသိဖို့ 
ကဗျာမဖွဲ့ တော့ဘူး
ငါအချစ်တွေ မပျက်ပဲ
အရင်လို ချစ်နေဆဲဆိုတာ သူသိဖို့ 
မကြိုးစားတော့ဘူး...............
သူနှလုံးသားက ငါအတွက်
မာန်ထန်နေခဲ့ပြီလေ.............
Photo: သူကပြောတယ်...ကျနော်ကို မေ့သွားပြီထင်တာတဲ့

ဟုတ်တယ်........ကျနော်မေ့သွားခဲ့တယ်

ကျနော်...ပို့ ပို့ နေကျ...messaing တွေကိုတစ်ခွန်းမှ

မတုန့် ပြန်တတ်ဘူးဆိုတာကိုပေါ့..........။                              ။

သူကပြောတယ်....နင့်အရမ်းစိတ်ညစ်နေတာသလားတဲ့

ဟုတ်တယ်.....ကျနော်စိတ်ညစ်နေတယ်

ကျနော်ကို...သံယောဇဉ်ကြိုးလေးနဲ့မလှုပ်နိုင်အောင်ချည်ခဲ့ပြီ

သူနဲ့ မသက်ဆိုင်တော့သလို ....သူမျက်နှာလွဲခဲ့လို့ ....။                 ။

သူပြောခဲ့တယ်....အချိန်မပေးနိုင်တာခွင့်လွတ်ပါတဲ့ 

ဟုတ်တယ်.....ကျနော်ခွင့်လွတ်ခဲ့တယ်

ကျနော်ဘ၀ကိုယောင်တိယောင်ချာဖြစ်အောင်

လမ်းခုလတ်မှာ....ထားရစ်ခဲ့တဲ့သူကို

ခွင့်လွတ်ပါတယ်လို့ ....မပြောခဲ့ရင်...ကျနော်ဘာများထပ်ပြောနိုင်မလဲ

ဘယ်လိုတွေပဲဖြစ်ဖြစ်...သူက ကျနော်ရဲ့ခွင့်လွတ်ကြင်နာခြင်းတွေ

ရယူထားတဲ့....ကျနော်အရမ်းချစ်ခဲ့ရတဲ့သူတစ်ယောက်မို့ လို့ လေ.....။

ထာဝရ
23.9.2013

နင်သိရဲ့လား........

နင့် နားမလည်နိုင်တာတွေ ရှင်းပြချင်တယ်
နင့် မယုံနိုင်တာတွေ သက်သေပြချင်တယ်
နင့် မသိနိုင်တာတွေ ပြောပြချင်တယ်
နင့် လက်မခံနိုင်တာတွေ ရှင်းပြချင်တယ်
နင့် စိတ်ဆိုးတာတွေ ရှင်းပြချင်တယ်
ဒါပေမဲ့..........
နင့်ကိုယ်တိုင်........ ရင်ဘတ်နဲ့ နားထောင်ပေးဖို့တော့လို အပ်တယ်..ချစ်သူ

=============================================================

နင်သိရဲ့လား........
ပျော်စရာတွေရှိနေခဲ့လည်.....
ငါ.....................
မပျှော်တော့ဘူးဆိုတာ...........
....။

နင်သိရဲ့လား......
ငါတွေးတဲ့အတွေးနဲ့  ငါလွမ်း
တဲ့အလွမ်းတိုင်းဟာ
နင်..........
တယောက်တည်းပဲဆိုတာ..............။

နင်သိရဲ့လား...
နင်မရှိတော့တဲ့နောက်....
ငါအထီးကျန်နေတယ်......
ငါဘ၀ခြောက်သွေ့နေတယ်.........
ငါသတိရနေတယ်ဆိုတာ......
နင့်...သိရဲ့လားချစ်သူ................
 Photo: တစ်ခါတစ်ရံနင့်ကိုချစ်နေရတာ

အိပ်မက်တစ်ခုကိုမက်နေရသလိုပဲ။

ငါ့ရှေ့က ဘယ်တော့ပျောက်ကွယ်သွားမလဲ

အမြဲစိုးရိမ်နေရတယ်

မင်းအမုန်း မင်းရဲ့ ဥပေက္ခာ

ဒါတွေကလောကမှာ

ငါမလိုချင်ဆုံးတွေပဲလေ

ငါချစ်သလောက်ပြန်မချစ်ရင်နေပါ

ဘယ်တော့မှတော့ မုန်းမသွားပါနဲ့

ငါ တန်ဖိုးထားသလောက်

မင်းစိတ်ထဲမရှိရင်နေပါ

ဥပေက္ခာတော့ မပြုခဲ့ပါနဲ့

"ချစ်တယ် ချစ်သူ"

အဲဒါ လောကမှာ 

ငါအမြဲပြောနေချင်ဆုံးစကားတစ်ခွန်းပဲ.....

                        အမုန်း ကျိန်စာ

နင်သာ ပြန်လာခဲ့မယ်ဆို

နင်သာ နားထောင်ပေးမယ်ဆို
ပြောချင်တဲ့စကားလုံးတွေ
ရင်ဘက်ထဲမှာ အပြည့်ရှိတယ်......

နင်သာ အကြောင်းအရာတွေ
နားလည်ပေးမယ်ဆို
ရှင်းပြချင်တဲ့ စကားလုံးတွေ
ရင်ဘက်ထဲမှာ အပြည့်ရှိတယ်.......

နင်သာ စာနာမှူနဲ့  ပြန်ချစ်မယ်ဆို
ပေးဆပ်စရာ အချစ်တွေ
ရင်ဘက်ထဲမှာ အပြည့်ရှိတယ်......

နင်သာ ပြန်လာခဲ့မယ်ဆို
အရှုံးပေးစရာနဲ့ 
ရင်ဘက်ထဲမှာ
ခွင့်လွတ်ကြင်နာခြင်းတွေ အပြည့်ရှိတယ်.....

ရင်ဘတ်ထဲမှာတော့  နင့်အတွက် နေရာအပြည့်ပါပဲ ချစ်သူ

Photo: အိပ်မက် ဆိုတာ နိုးထချိန်မှာ ပျောက်ကွယ်သွားမယ်မှန်း ငါသိနေပေမယ့် ……

ငါ့ အိပ်မက်တွေက ခါးသီးလွန်းလို့ အိပ်စက်ခြင်း ဆိုတာကိုပါ ငါရှောင်ပုန်းနေမိပြီဟာ ……

ချစ်သူသို့                        A.P.M

အတိုလေးတွေစုစည်းမှု

ထားရစ်ခဲ့မယ်ဆို....နားလည်ပေးမယ်

ငါနှလုံးသား တမင်သတ်သတ်..

အနင်းခြေခံရတာလို့  မပြောပါဘူး

သူပေးတဲ့ဒဏ်ရာတွေပါလို့ 

မပြောပါဘူးးး

အချစ်ရဲ့လက်ဆောင်တွေအဖြစ်

ငါမှတ်ယူသိမ်းဆည်းထားပါ့မယ်.....ချစ်သူ.....။
...................................................................
 
ငါပျှော်ခဲ့တယ်.........စိတ်ကူးတွေထဲမှာ...
ငါကြေးနူးခဲ့တယ်....အိပ်မက်တွေထဲမှာ...
ငါအထီးကျန်ကြေကွဲနေခဲ့တယ်....အပြင်လက်တွေ့ ဘ၀မှာ....
.............................................................................
 
လွတ်လပ်ပွင့်လင်းစွာနေတတ်ပြီ

ဟန်ဆောင်ခြင်းကင်းတဲ့

ကောင်မလေးရဲ့ရင်ထဲမှာ

နင့်အတွက် ... ချစ်ခြင်းအပြည့်ရှိတယ်လို့ ....။
.......................................................................
 
မတွေ့ဖြစ်တော့ရင်ဆိုတဲ့အသိမျိုးပေါ့...

အတွေးနဲ့တောင် နာကျင်ခဲ့ရတာအသေအလဲ

အခုလိုလက်တွေ့ရင်ဆိုင်ရတဲ့အခါ

နေ့ရက်တွေတိုင်းဟာ အဓိပ္ပါယ်မဲ့ခဲ့ရတယ်...ချစ်သူ..
........................................................................
 
ကဗျာဆန်ဆန် ကာရံဖွဲ့ 
နွဲ့ ဆိုးမချွဲတက်ပေမယ့်
မြန်မာဆန်ဆန်
ရာဇသံပေးလိုက်မယ်
ငါကလွဲရင်ပေါ့
မောင် ဘယ်သူ မှ မချစ်ရဘူး ...
..............................
..................................

နင့် မသိတာပါ.....

နင့်မသိလို့ ပါ.....

ငါကို နာကျင်အောင်လုပ်တိုင်း

နင့်ငါနဲ့ ....ပိုနီးစပ်လာတာကို....။


နင့်သတိမထားမိလို့ ပါ...

ငါကိုရှုံးနိမ့်သွားအောင်
နင့်အနိုင်ပိုင်းလိုက်တိုင်
ငါနှလုံးသားတွေ..
နင့်ရှေ့မှောက် လဲလဲကျခဲ့တာကို..။


..............................
.............
နင့် မသိတာပါ.....
ငါ့မာနတွေ ငါအတ္တတွေ ၊
ငါနဲ့  ဆန့်ကျင့်ဘက်ဖြစ်နေပြီဆိုတာ...
..........................................................
..........................................................
...........................................................။
Photo: .........မေ့လိုက်တော့........

ငါချစ်တာကို မင်းမသိပေမယ့်

ငါဘာသာငါသိနေတော့ ခက်တယ်....။

မင်းမချစ်တာကို ငါမသိဘူးလို့ မင်းထင်နေပေမယ့်

ငါသိနေတော့ ခံစားရတယ်....။

ငါမင်ကို လွမ်းနေတာကို မင်းမသိပေမယ့်

ငါကိုယ်တိုင်သိနေတော့ မောတယ်....။

မင်းငါ့ကို သတိတောင်မရတာကို

ငါဘာသာငါသိနေတော့ ၀မ်းနည်းရတယ်..။

ချစ်သူရယ် မကြင်နာလို့စိမ်းမှတော့

ငါ့အနားမှာ နင်မနေ တိမ်းရှောင်ခဲ့တာကို

ငါ အပြစ်မပြောပေမယ့်ပြတ်သားစွာနဲ့

မေ့လိုက်ပါဆိုတဲ့ စကားတခွန်းနင်မပြောတာတော့

ငါ စိတ်ဆိုးတယ် ချစ်သူမျှော်လင့်ချက်မရှိပေမယ့်

မျှော်လင့်နေမိတဲ့ ငါ့ကိုယ်ငါလည်းငါစိတ်ဆိုးတယ်။ ။

တော်ပါပြီငါရုန်းထွက်တော့မယ်မင်းမပြောတဲ့ စကား

ငါမင်းကိုပြောတော့မယ်

ငါ့ကို

မေ့လိုက်တော့ ချစ်သူ--------------ရယ်

ထာဝရ( သဲသွယ် )
20.9.2013

နင်ပြောတဲ့စကားလေးတခွန်းကို

သိပ်ချစ်တာပဲလို့ 
နင်ပြောတဲ့စကားလေးတခွန်းကို
အချိန်တိုင်း ကြားချင်မိတယ်

အရမ်းလွမ်းတယ်လို့ 
နင့်ပြောတဲ့စကားကို
ငါအမြဲတမ်း ကြားချင်မိတယ်

ငါကလည်....နောက်ထပ်ဆိုတာ မရှိတော့အောင်
နင့်ကို............အရမ်းချစ်
သလို
ငါအချစ်အလွမ်းတွေကို
နင့်တစ်ယောက်တည်းကိုပဲ ပေးထားခဲ့တာမို့ လို့ ပါ.
 
Photo: အချစ် ကို စတင်မွေးမြူမိတဲ့ ငါ့နှလုံးသားမှာ
အလွမ်းတွေရဲ့ နှိပ်စက်ခြင်းကိုလည်း
ခံစားရမယ် ဆိုတာ သိလျက်နဲ့
ငါ နောက်မဆုတ်မိတာ မှားသွားလားဟာ ………

ချစ်မိပြီးမှတော့ မမုန်းရက်တော့လည်း
အဝေးကနေပဲ လွမ်းဆွတ်ရင်း
တိတ်တိတ်လေးပဲ ဆက်ချစ်နေပါရစေတော့ ချစ်သူရယ် ………


ချစ်သူသို့                           A.P.M

ရင်ထဲကအလွမ်း

ရင်ထဲကအလွမ်း

ရင်ထဲမှာပဲရှိပါစေတော့...။

တွယ်တာလှပါရဲ့ 
ဒါပေမယ်

နင့်နောက်ကွယ်ရာကပဲချစ်နေမယ်...
......။
=====================================
 
အကြောင်းပြချက် မခိုင်လုံပေမယ့်

ခိုင်လုံတဲ့ အရာတွေ များစွာထဲမှာ

နှလုံးသားရဲ့ဆန္ဒ ပါဝင်တယ်

အေးစက် တဲ့ အမုန်း ကိုပဲ ဖြစ်ဖြစ်

ချစ်ခြင်းရဲ့ အစွန်းတဖက်လို့ ယူဆပြီး မြဲမြဲ ဆုပ်ကိုင်ထားချင်တယ်

အချစ်နှင့်ပတ်သတ်သမျှ အရာအားလုံး အမုန်းမှာတောင် မေတ္တာအပြည့်ရှိတယ်

ချစ်သူ.....နင်သိထားဖို့ ပေါ့....။ ။ ။ ။