Tuesday, 24 September 2013

ခပ်ကြောင်ကြောင် အတွေးနဲ့

မျှော်လင့်မထားတော့ပါဘူး

ဆိုပေမယ်

သူလည်း ကိုယ့်လိုများ

သတိရနေမလား ဆိုတဲ့

ခပ်ကြောင်ကြောင်

ကိုယ့်အတွေးတွေနဲ့ ....ဆွေးနေတယ်...။

မတွေးတော့ပါဘူး

ဆိုပေမယ်

တစ်ခါတစ်လေတော့လည်း

ကိုယ်အရမ်းလွမ်းနေရတာကို

သိစေချင်တဲ့ ဆန္ဒလေးတွေက တားမရပြန်ဘူး....။

မချစ်တော့ပါဘူး

ဆိုပေမယ်

ရူးသွပ်နေတဲ့ ငါ့ရဲ့ မျှော်လင့်ချက်တွေက

ခုထိမိုက်မဲစွာ...ရှင်သန်နေတာတော့ မုန်းတယ်ကွယ်....။

ထာဝရ
16.9.2013

No comments:

Post a Comment