Tuesday, 24 September 2013

ငါ အပြစ်မတင်ဘူး...

ငါ အပြစ်မတင်ဘူး...
ငါ့ရင်ကို ခွဲပြီးမှ
ပျော်ရွှင်နိုင်မယ်ဆိုရင်လည်း
ငါ...
ကြည်နူးနိုင်ပါတယ်....ခွဲသွားပါ...။

ငါကို အနိုင်ရသွားတယ်လို့တော့
ကိုယ့်ဘာသာအထင်ကြီးပြီး
ဘဝင်မမြင့်စေချင်ဘူး
ငါကိုယ်တိုင်က
ကျေကျေနပ်နပ် အရှုံးပေးခဲ့တာပါ..။

နင့်သွားမယ့်လမ်းမှာ
ငါ့မာနကို ခင်းပြီး
ငါ့ရင်ကို နင်းလျှောက်သွားပါ
ငါ့အတွက်လည်း
ဟန်ဆောင်ပြီး ဝမ်းမနည်းပါနဲ့
နင့်ဘဝအတွက်ပဲ
အရှေ့ကို ရဲရဲဆက်လျှောက်သွားပါ...။

ထာဝရ
14.9.2013

No comments:

Post a Comment