Friday, 26 July 2013

ရိုးရိုးလေးပါ...ချစ်သူရယ်...

ရိုးရိုးလေးပါ...ချစ်သူ
မြင်နေရတဲ့  အရာတွေက
တိုးတိုးလေး...လွမ်းစေရုံလးပါ

ရိုးရိုးလေးပါ...ချစ်သူ
နင်အကြောင်း တွေးလိုက်ရင်း
ကျေကျေနပ်နပ်နဲ့ 
ဖွဖွလေး...ပြုံးနေတတ်ရုံလေးပါ

ဒီတိုင်းလေးပါ...ချစ်သူ
စောင့်နေပါလို့  မပြောတဲ့ နင့်ကို
မမျှော်လင့်ရဲပဲ
ဒီတိုင်း စောင့်နေယုံလေးပါ

ဒီတိုင်းလေးပါ...ချစ်သူ
ငါဆန္ဒတွေက
နင်ကိုအဆင်မပြေစေမှာစို့ လို့ 
ဒီတိုင်းလေး..တမ်းတနေရုံလေးပါ....

နင်ကို ချစ်ခဲ့တဲ့ငါအချစ်တွေက
တကယ်ကို ရိုးရိုးလေးပါ...ချစ်သူရယ်...

No comments:

Post a Comment