Wednesday, 31 July 2013

အများကြီး..မလိုအပ်ပါဘူး

အများကြီး.....မသိချင်ဘူး

ကိုယ်ချစ်တဲ့သူက ကိုယ်ကိုချစ်တာလေးပဲ

လိုချင်တာပါ......................................

အများကြီး....မလိုအပ်ပါဘူး

ကိုယ်ချစ်သူရဲ့ ယုံကြည်စိတ်ချမှုနဲ့ 

အလေးပေးမှုကိုတော့ ထပ်တူကျဖို့ 

မျှော်လင့်နေယုံလေးပါ.........................

အများကြီး...မတောင့်တပါဘူး

ကိုယ်ချစ်သူရဲ့ စာနာမှုနဲ့ဖေးမကူညီမှုကို

တောင့်တမက်မောနေရုံလေးပါ................

အများကြီး....မတောင်းဆိုပါဘူး

ကိုယ်ပေါ် သစ္စာရှိရှိနဲ့ ဘေးမှာအတူရှိနေပေးဖို့ 

တောင့်တမျှော်လင့်နေရုံလေးပါ...ချစ်သူရယ်......။

No comments:

Post a Comment