Friday, 21 June 2013

အကယ်လို့ 

အကယ်လို့  နင်မလုပ်နိုင်တဲ့စကားတွေနဲ့ ကတိမပေးပါနဲ့

နင်အပေါ်မှာ ယုံကြည်မှု အဖျက်ဆီးမခံနိုင်လို့ ပါ....

အကယ်လို့  နင်မပြောနိုင်တဲ့အရာဆိုရင် အစမဖော်ပါနဲ့

ငါစိတ်ထဲမှာ အဖုထစ်လေးတွေ ဖြစ်သွားနိုင်လို့ ပါ....

အကယ်ရွေ့ နင်မလာနိုင်တဲ့အချိန်အခါတွေရှိရင် ပြောပြပေးပါ

စောင့်မျှော်နေရတဲ့ ဒီလူရဲ့ရင်ဘတ်တွေ နာကျင်နေရလို့ ပါ...

အကယ်လို့  နင်ဆုံးရှုံးမှုအတွက် ငိုကြွေးချင်ခဲ့တယ်ဆိုရင်

ငါ့ရင်ခွင်က နင်အတွက် နွေးထွေးစေနေမှာပါ...

အကယ်လို့  ငါမဟုတ်ပဲ နောက်တစ်ယောက်က

နင့်ကို ပျော်ရွှင်မှုတွေ ပိုပေးနိုင်ဆုံးဆိုရင်

ငါ့ကိုထားခဲ့လိုက်ပါ ငါကငါဘ၀ထက်

နင့်ကို ပိုချစ်တဲ့သူမို့ လို့ ပါ....................။

No comments:

Post a Comment