Friday, 21 June 2013

မောင်နဲ့ကျမ

ငါက အရူးတစ်ယောက်မို့လို့ ပါ
ငါကို လက်တွဲလျှောက်ရတာ ဂုဏ်မယူတတ်တဲ့နင့်နဲ့
ဘ၀တစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ခဲ့တယ်

ငါက မိုက်မဲ့တဲ့သူပါ
ငါနဲ့ ပတ်သတ်ရင် ခါးခါးသီးသီးဖြစ်နေတဲ့နင့်နဲ့ မှ
အနာဂါတ်လှလှလေးကို အတူလျှောက်ဖို့  စိတ်ကူးခဲ့တယ်

ငါက မျက်ကန်းသူတစ်ယောက်ပါ
ငါကို မစာမနာပြောသူတွေများနေခဲ့လည်
အရူးတစ်ယောက်လို နင့်နဲ့ အတူ
အနာဂတ်မှာထာဝရဆိုတာကို ပုံဖော်ချင်ခဲ့တယ်

No comments:

Post a Comment