Friday, 21 June 2013

ဟောင်းနွမ်း မသွားပါဘူး

ချစ်သူ ၊ အရူးအမူး ချစ်ခဲ့သူရဲ့ ရင်ထဲမှာတော့

ခံစားချက်တွေကလည်း အတိုင်းအဆမဲ့ပျံကြဲလို့ နေတယ်....

ချစ်သူ ပေးခဲ့တဲ့ အလွမ်းရိပ်တွေကိုလည်

ခုချိန်ထိ........

မေ့မရနိုင်အောင် ဖမ်းစားနေတုန်းပဲ....

အချိန်ဆိုတဲ့ သမားတော်ကြီးက

တို့ ရင်ထဲက ဝေဒနာတွေကို

ကုစားနိုင်လိမ့်မယ်လို့ ထင်ရင်

မှားလိမ့်မယ်..........

နှလုံးသားခံစားမှု ဆိုတာ

ဘယ်လောက်ကြာကြာ ဟောင်းနွမ်း မသွားပါဘူးလို့

နင့် ကြားနိုင်အောင်

ကြေငြာလိုက်ချင်ပါတယ် ချစ်သူရယ်....

No comments:

Post a Comment