Friday, 21 June 2013

နှလုံးသားတစ်ခုနဲ့ငါပါ.............

ရနံ့တွေရဲ့ကြားက

လွမ်းမောရှိုက်သံလေးတွေလွင့်ပျံ

နှလုံးသားက စစ်ကနဲ

နာကျင်ခဲ့ရသူ..ငါ

မသေချာတဲ့ မသေချာမှုတွေနဲ့

ခဏခဏကျရှုံးတတ်တဲ့ ငါ

အလွမ်းတွေကြားခဏခဏ

ငိုရိုက်ခဲ့တဲ့ငါ

အချစ်ဆိုတာ ပေးဆပ်မှုမဟုတ်ဘူးလို့ 

ခံယူထားပေမဲ့ 

အကုန်လုံးကို ကျေနပ်စွာပေးဆပ်ခဲ့ရတဲ့ငါ

နောက်ဆုံးကျန်ရှိတာ အခွံသတ်သတ်ဖြစ်နေတဲ့

နှလုံးသားတစ်ခုနဲ့ငါပါ.....................................

No comments:

Post a Comment