Friday, 10 May 2013

ငါကမ္ဘာလှပစေခဲ့တာ......


ချစ်သူပျော်ဖို့

ရယ်မောခဲ့ရတဲ့

ညနေတွေမှာ

နှလုံးသားကတော့

တိတ်တိတ်လေး ငိုကြွေးခဲ့ရတယ်......

နှလုံးသားချင်...မာနတွေနဲ့ 

အပြိုင်အဆိုင်တင်းနေကြလို့ 

နင်နဲ့ငါ တဖြည်းဖြည်းချင်း

ကျောကပ်ခဲ့မိတယ်................

နင် သိမလား

ငါက အချစ်ကို ချစ်ချင်သူ

ယုယထွေးပွေ့ချင်သူ

ချစ်သူရဲ့အကြင်နာက

ငါကမ္ဘာလှပစေခဲ့တာ......

တခါတရံကျတော့

ချန်ထားခဲ့သူနဲ့

ကျန်ခဲ့ရသူတို့ က

ဒဏ်ရာကို .. အတိုင်းအတာနဲ့

ခွဲခြားစိတ်ဖြာပီး...ကျေနပ်ခဲ့ရတတ်တယ်..

တကယ်တမ်းကျတော့လည်း

နှစ်ဦးစလုံးရဲ့တူညီမှုကတော့
အချစ်ကို ဖမ်းဆုပ်လို့ မရခဲ့တာကိုလေ..........။
 

No comments:

Post a Comment