Thursday, 28 March 2013

မှတ်သားသွားပါ...

အဝေးက လမင်းကြီးကို တွေးငေးကြည့်မိတယ်...
ရင်ထဲမှာတော့ ဗလာကွက်လပ်ကြီးပဲ
ငါလောက်မှ.....နင့်မလေးနက်တာ...
ငါနှလုံးသားထဲ.....နောက်ဆုံး
ဘာကျန်ရစ်ခဲ့မယ် ...ထင်နေလဲ....

ရပါတယ်
ငါကပေးဆပ်သူလို့ ဟစ်ကြွေးလိုက်ပါမယ်
ငါ့နှလုံးသားပေါ် နင့်ထိုးနက်ခဲ့တဲ့ဒဏ်ချက်တွေ
နင်မြင်တတ်အောင်....ငါထုတ်ပြမနေတော့ပါဘူး............။

ဒါပေမယ့်
နင့်.... တစ်နေ့ နေ့ ကျလို့ 
ငါ့အတွက်နဲ့ မျက်ရည်ကျခဲ့ရင်
အဲဒီမျက်ရည်တွေက
ငါ့နှလုံးသားကို
နာကျင်စေခဲ့မယ်ဆိုတာ
နင့်...မှတ်သားသွားပေးပါကွာ............။

No comments:

Post a Comment