Wednesday, 20 February 2013

ခဏလောက်တောင် မုန်းကြည့်လို့မရဘူး..

ခံစားချက်တွေအသာထား
မျက်ရည်တွေဘေးပို့…
အလွမ်းတွေကိုချုပ်နှောင်ပြီး
ဒီကဗျာကိုငါရေးမယ်…..
မင်းကိုမုန်းတဲ့အကြောင်း…
တခါလောက်တော့ရေးဖူးချင်လို့…
ဟင့်အင်း…
ငါတော်တော်မကောင်းတာပဲ…
ကဗျာရေးဖို့တစ်ခဏတောင်
မင်းကိုမုန်းလို့မရဘူး…
ငါ့ကိုယ်ငါစိတ်နာတယ်…..
တွေးမိတိုင်းကြေကွဲတယ်
ငါတော်တော်မိုက်တဲ့သူ
မင်းကိုမုန်းဖို့ အတွေးဝင်လာတဲ့
ငါ့နှလုံးသားကို ငါတော်တော်နာကြည်းတယ်
မင်းကိုမုန်းဖိုတိုက်တွန်းတဲ့
ငါ့ဦးနှောက်ကို ငါတော်တော်မုန်းတီးတယ်…..
တော်ပြီ….
ငါဘယ်တော့မှမင်းကိုမမုန်းဘူး…
ဘယ်တော့မှမင်းကိုစိတ်မနာဘူး….
ဘယ်တော့မှ….
မင်းကိုမုန်းတဲ့အကြောင်း
ကဗျာမရေးတော့ဘူး……..
မင်းကိုမုန်းပစ်ဖို့ ခဏလောက်စိတ်ကူးမိသွားတဲ့ငါ့ကို
မင်းခွင့်လွှတ်ပါချစ်သူ…..
တကယ်တော့…..
ငါ….မင်းကို
ခဏလောက်တောင်မုန်းကြည့်လို့မရဘူး…

No comments:

Post a Comment