Wednesday, 20 February 2013

♥♥...♥♥...ချစ်သူ ....♥♥ .... ♥♥

- ချစ်သူ...ငါမင်းအချစ်ကို ပိုင်ဆိုင်ဖို့ မကြိုးစာခဲ့မိဖူးဘူး...
  ချစ်နေခွင့်ရယုံနဲ့    ကျေနပ်ရောင့်ရဲရသူပါ...

- ချစ်သူ...ငါအရမ်းလွမ်းလို့  ငိုကြွေးချိန်မှာ ...
  မင်းငါကို လွမ်းချင်မှ လွမ်းမယ်ဆိုတာသိပေမဲ့
  ဒီတိုင်လွမ်းတာကို  ကျေနပ်နေမိသူပါ...

- ချစ်သူ...အိပ်လို့ မရအောင် မင်းကိုတမ်းတသတိရနေချိန်မှာ...
  မင်းနှစ်ခြိုက်စွာ အိပ်ပျော်နေမယ်မှန်းသိပေမဲ့
  ဒီတိုင်လေးကိုပဲ...ကျေနပ်နေခဲ့သူပါ...

- ချစ်သူ... ပြင်းပြစွာ မင်းကို ငါတွေ့ ချင်တဲ့အချိန်မှာ...
  မင်းတခြားတစ်ယောက်နဲ့  ပျော်ပါးနေမယ်မှန်း သိခဲ့ပေမဲ့
  ဒီတိုင်လေးနဲ့   မင်းပျော်ရွှင်နေရင် ကျေနပ်နေခဲ့ရတာပါ....

No comments:

Post a Comment