ကယ်တွေကိုငေးကြည့်တိုင်း
ရူးလိုက်တာကွာလို့ မင်းပြောမလား….
ကြယ်တွေကြားမှာ မင်းအရိပ်လေးကို
တွေ့ခွင့်ရရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့
ငါရူးသွပ်မိတာပါ………………..
သီချင်းလေးတွေကို ဆိုညဉ်းတိုင်း
မိုက်လိုက်တာဆိုပြီး မင်းရီနေမလား
သံစဉ်တွေကြားမှာ မင်းအသံလေးတစွန်းတစများ
ကြားခွင့်ရမလားဆိုပြီး
ငါမိုက်မဲစွာသီဆိုနေတာပါ………..
ချစ်တယ်လို့ပြောမိလိုက်တိုင်း
အပေါစားဆန်လိုက်တာဆိုပြီး မင်းလှောင်နေမလား
မင်းမလိုချင်တဲ့ ငါ့အချစ်တွေရဲ့တန်ဖိုးကို
တနေ့တော့နားလည်လာနိုင်ဖို့ ငါတောင့်တရင်း
မိုက်မိုက်မဲမဲနဲ့ ရူးသွပ်စွာ ချစ်နေခဲ့ရတာပါ……….။
No comments:
Post a Comment