Tuesday, 26 February 2013

အပိုင်းအစ ၅

ခုတော့ ငါက
နင့်အတွက် အရှုပ်ထုပ်ဖြစ်နေခဲ့ပြီးလား

ခုကျတော့ ငါက
နင့်အတွက် တန်ဖိုးမရှိတဲ့ ပစ္စည်း
နင်မလိုချင်တဲ့ ခပ်ညံ့ညံ့မိန်းခလေး တစ်ယောက်ဖြစ်နေခဲ့ပြီးလား

ခုကျတော့ ငါက
နင့်အတွက် ဘာဆိုဘာမှလုပ်မပေးနိုင်တဲ့သူ
နင့်ကို အမြဲနှောက်ယှက်တဲ့သူ ဖြစ်ခဲ့ပြီးလား

ခုတော့ငါက
ခုတော့ ငါကနင့်အတွက်................

(((((((((((((((((((((((((((((((((((((((((((((((((((((((((((((((((((((((((((

ငါနင့် အကြောင်းတွေ မတွေးပဲ နေလို့ မရဘူးသေးဘူး
နင့်ပုံရိပ်ကို ငါ့ရင်ဘတ်ထဲကနေ ဖျောက်ဖျက်လို့  မရနိုင်သေးဘူး....
နင့်ကို ငါ သတိရနေတုံပဲ...
နင့်ကို ငါသိပ်လွမ်းနေတုံပဲ...
နင့်ကို ငါလိုအပ်နေတုံပဲ...
နင့်ကို
နင့်ကို........ငါအရမ်းချစ်နေတုံပဲ..............

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
 လမ်းခွဲတယ် ဆိုတာ ငါအတွက်အရမ်းခက်ခဲ့တဲ့အရာတခုပါ
လမ်းခွဲဖို့  ငါကချစ်ခဲ့တာမှ မဟုတ်တာ
မေ့ပစ်လိုက်ဖို့ ဆိုတာလဲ သိပ်မြန်ဆန်တဲ့ ပြောင်းလဲမှုမှ မဟုတ်တာ
လွယ်လွယ်မပြောပါနဲ့ ချစ်သူ
နင့်မရှိပဲ ငါနေနိုင်ခဲ့မယ်ဆိုရင်တောင်
နင့်ကို မချစ်တော့ပဲ မနေနိုင်ပါဘူး
နင့် ငါကို မေ့ထားနိုင်ခဲ့ရင်တောင်
နင့်ကိုတော့ ငါတစက္ကန့် မှ မေ့မပစ်နိုင်ပါဘူး......

No comments:

Post a Comment