"အချစ်နဲ့  မကစားပါနဲ့  အန္တရာယ်ရှိတယ်
--------
ဘယ်သူမဆို ဘ၀မှာ တစ်စုံတစ်ယောက်အတွက် ရင်ခုန်ခဲ့ကြမှာကတော့ သေချာပါတယ်..
ရင်ထဲက ခံစားချက်တွေကို ရေးချကြမှာပေါ့နော်
---------
တခါတရံ အချစ်မှာ..မတည်ငြိမ်မှုတွေ ၊ စစ်ပွဲတွေ ၊အမုန်းတရာတွေ ၊
အငြိုးအတေးတွေ ဖြစ်ပေါ်တတ်လာသေးတယ်...
---------
ခေတ်ရဲ့အနေအထားတွေ ပြောင်းလဲလာတာနဲ့ အမျှ လူငယ်တွေရဲ့စိတ်ထဲမှာ
အချစ်နဲ့ ပတ်သတ်တဲ့ ခံယူချက်တွေ ကွဲပြားလာတတ်တယ်..မိန်းခလေးက စပြီးရည်းစားစကားပြောဖို့ ကလဲ မဆန်းကျယ်တော့ဘူး
online မှာ ရည်းစားဖြစ်တာ တွေ့ ဆုံတာတွေလဲ...ရှက်စရာလို မမြင်ကြတော့ဘူး...
----------
တချို့ ဆိုရည်းစားများ ပေါ့လွန်းလို့  တို့ ဆို တစ်ယောက်ကို ၂-၃ လထက်ပိုမတွဲဘူးဆိုတာတွေ ရှိတတ်ကြသေးတယ်...
တချို့ ကျတော့ ချစ်တုံက အင်မတန် ချစ်ပြတတ်ခဲ့တယ်...ရှောင်းဖယ်ချင်တဲ့အခါကျတော့လဲ အကြောင့်ပြချက်ရိုက်သတ်လို့ 
မကုန်နိုင်တဲ့ နည်းတွေနဲ့  ရှောင်းဖယ်သွားတတ်တယ်..အဲဒီတော့ ခံရသူက အလဲလဲအကွဲကွဲနဲ့ 
တချို့ ကျတော့ ဘ၀တခုလုံးသေဆုံးသွားတတ်သေးတယ်....
-----------
လူသားတွေရဲ့ ဘ၀ရှင်သန်မှုမှာ လိုအပ်ချက်အများကြီးပဲ..။ ငွေကြေး ၊ ရာထူး ၊ အောင်မြင်မှု အစသဖြင့်ပေါ့ ။
ဒီအရာတွေနဲ့ လေ တွဲလက်လိုအပ်နေတာလေးတွေလဲရှိတယ် တစ်ဦးနဲ့တစ်ဦးလေးစားရိုသေဖို့ နဲ့  ချစ်ခြင်းမေတ္တာပေါ့ ..
ဒီကမ္ဘာမှာ လူမှုဆက်ဆံရေး ၊ ချစ်သူ နှစ်ဦးထဲ၊ သူငယ်ချင်းတွေထဲ ၊မိသားစုတွေထဲ ၊ နိုင်ငံတွေထဲ ၊လူမျိုးတွေထဲမှာပေါ့
ချစ်ခြင်းမေတ္တာဆိုတဲ့ မြစ်လေးက ထာဝရစီးဆင်းနေသင့်တဲ့ မြစ်လေးတစ်စင်းပါ.....
အဲဒီအချစ်ကလေ လူတွေရဲ့  စိတ်နှလုံးကို နူးညံ့စေတတ်တယ်...ဘယ်လောက်ပဲ ခက်ထန်ကြမ်းတမ်းသူဖြစ်ပါစေ
ကိုယ်ချစ်မြတ်နိုးသူရဲ့ ရှေ့မှာတော့ အပြစ်ကင်းတဲ့ခလေးတစ်ယောက်လို ပဲဖြစ်သွားပြန်ပါတယ်...။
------------
သေချာတာကတော့အချစ်နဲ့  ကစားတာ အန္တရာယ်များပါတယ်..စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဟာ ကစားပွဲမဟုတ်ပဲ
နားလည်မှု အပေါ်အခြေခံပြီး တည်ဆောက်ရမဲ့ အရာပါလို့  လက်ခံယူထားပါတယ်...။
တကယ်လို့  သင့်လူတစ်ယောက်ချစ်မိခဲ့ရင်သူအပေါ်အပြစ်မလုပ်မိပါစေနှင့်
နွေးနွေးထွေးထွေး ကိုယ်ရဲ့ချစ်သက်သေလေးပြသွားပါ....
တကယ်လို သင့်သူကို မချစ်မိခဲ့ဘူးဆိုရင်လဲ
ပွင့်ပွင့်လင်းလင်းပြောဆိုပါ...
အချစ်တခုဟာ ကိုယ်အတွက်ကပျက်ကချော် ဆော့စရားအဖြစ် သဘောမထားပါနဲ့ 
ဘယ်သူကို ထိထိလေး ကိုယ်ချင်စာနာတတ်ကြပါစေ.......။
No comments:
Post a Comment