Thursday, 21 February 2013

ချစ်လို့ ပါ......

ငါ့ရဲ့ နာကျင်နေတဲ့ရင်ဘတ်ကို
နွေးထွေးကြင်နာတတ်တဲ့ 
နင့်ရဲ့  မေတ္တာနဲ့  ထွေးပိုက်ထားပေးပါ..
ခဏတာဖြစ်ဖြစ်...နွေးနွေးထွေးထွေး
နင့်ထွေးပိုက်မှုကို  ခံစားချင်လို့ ပါ.....။

ငါရဲ့ အချစ်တွေကို မင်းရဲ့နှလုံးသား
ထောင့်တနေရာရာကနေတော့
လက်ခံအသိအမှတ်ပြုပေးပါ.......
ငါ့ရဲ့ ဘ၀တခုလုံးကို အဆုံးစမဲ့တဲ့ 
နင့်ရဲ့ ရင်ခွင်ကျယ်ကြီးထဲမှာ
ခိုလှိုခွင့် ပေးလှည့်ပါ ချစ်သူ..........................။

No comments:

Post a Comment