တကယ်တော့ ငါ့ဟာ ဘ၀အမောတွေ ခြုံလွမ်းထားတဲ့ ဟန်ဆောင်ခြင်းမြစ်တစင်းပါ..
ဒါပေးမဲ့..ငါ့ပတ်ဝန်းကျင်ကလူတွေကတော့ ငါဟာ နွေးထွေးမှု ၊ကြင်နာမှု ၊ ပျော်ရွင်မှုဆိုတဲ့
အရာတွေကို ကျောခိုင်းရင်း ပြောင်းပြန်စီးဆင်းနေတဲ့ မြစ်တစင်းတဲ့လေ...
အမှန်တရားဆိုတဲ့ အရာနဲ့ ကာလကြာ ဝေးကွာနေခဲ့တော့..အမှားတွေနဲယဉ်ပါးနေရတာကိုက ငါ့ရဲ့သင်္ကေတတခုလိုဖြစ်ခဲ့တယ်လေ...
ဒီလိုနဲ့ငြိမ်သက်နေတဲ့ရေပြင်ထက်မှာ လှိုင်းဂယက်တွေထသွားစေခဲ့တဲ့..လှေငယ်လေးရေ..
အထီးကျန်မှုတွေနဲ့ အသားကျနေတဲ့ ငါ့ဘ၀ထဲကို ဘာကြောင့်များ ခွင့်မတောင်းဘဲ ၀င်ရောက်လာပြီး.
ခွင့်မတောင်းဘဲ....ပျောက်ကွယ်သွားခဲ့တာလဲ...
နွေးထွေးတဲ့ကြင်နာမှုတွေကို မခံစားဖူးတဲ့အချိန်ထိတော့အထီးကျန်တယ်ဆိုတာ မြစ်တစင်းရဲ့ဝေဒနာမဟုတ်ဘူးပေါ့..
ဒါပေးမဲ့..နှလုံးသားကို ခံစားတတ်အောင် သင်ကြားပေးခဲ့ပြီမှ..
ငါ့ဘ၀ထဲကနေ တိတ်တိတ်လေးထွက်ပြေးသွားခဲ့လေတော့..
အခုဆိုရင် ငါဟာ မတမ်းတခဲ့ဖူးတဲ့အရာတွေကိုတောင် တမ်းတတတ်နေပြီလေ...
သေဆုံးနေတဲ့မြစ်တစင်းကို အသက်သွင်းပေးမှ နှလုံးသားကို ခြွေယူသွားလေးတဲ့..လှေငယ်လေးရေ..
အတူစီးဆင်းခဲ့တဲ့ အချိန်ကာလက ခဏလေးဆိုပေးမယ့် တစ်ဘ၀စာလို့ထင်နေတဲ့ငါအတွေးတွေကို.
မပြင်ဆင်နိုင်သရွေ့ တော့...ငါဟာအလွမ်းဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျေနပ်စွာဖြတ်သန်းနေရဦးမယ်..
တစ်ခါတစ်ခါ ..ဒီအလွမ်းတွေကို မေ့ထားပြီး..သဘာဝကျကျ စီးဆင်းသွားမယ်လို့ စိတ်ကူးမိပေမယ့်.
အတိတ်ရဲ့ ဆူးက နှုတ်မရလေတော့..အလွမ်းတွေပဲ ပိုပိုတိုးလာတယ်..
အချစ်တခုကိုရှာဖွေဖို့အတွက်နဲ့ လှည့်ကွက်ဆိုတဲ့..ပိုက်ကွက်ထဲကို..ကိုယ်တိုင်တိုးဝင်ခဲ့မိတာငါပါ..
နောက်ဆုံးငါ့ချစ်ခြင်းတရားတွေ အငွေ့ ပျံခံရပြီး..ဒဏ်ရာတွေသာ ထွေးပိုက်ခွင့်ရခဲ့ပေးမယ့်...
အဲဒီလို ချစ်ခြင်းတရားကိုတော့..မျက်လှည့်ပြတတ်တဲ့..လှေငယ်လေးကိုတော့...ငါ့သံယောဇဉ်တွေ
ဖြတ်လို့မရနိုင်ဘူး..ဒါကြောင့်တနေ့နေ့တစ်ချိန်ချိန်မှာ တိမ်းတိုက်တွေကြားကပဲဖြစ်ဖြစ်...
မြစ်ချောင်းတွေကြားပဲနေနေ...အလွမ်းသံတိုင်တွေကြားက ရုန်းမထွက်နိုင်တဲ့ ..
အကျဉ်းကျမြစ်တစင်းကို တွေ့ ခဲ့ရင် ခဏတာစီးဆင်းခဲ့ဖူးတဲ့..
ငါ့ရင်ခွင်လေးကို သတိရပေးပါ..အမှတ်တမဲ့ဖြစ်ဖြစ်ပေါ့...
No comments:
Post a Comment