Wednesday, 20 February 2013

@@@မသိခြင်းနှင့် သိခြင်း@@@

မိုးစက်များ တားဆီးမရ

ချစ်မိခြင်းများ တားဆီးမရ

သတိရခြင်းများ တားဆီးမရ

လွမ်းဆွတ်ခြင်းများ တားဆီးမရ........

မိုးစက်၊ ချစ်ခြင်း၊ လွမ်းဆွတ်ခြင်းနှင့်

မျှော်လင့်ခြင်းများ တားဆီးမရ.......
ချစ်ခြင်းရဲ့ အစ...... သိခွင့်မရ

စွဲလန်းခြင်းနိဒါန်း...... မှန်းဆမရ

တမ်းတခြင်းနှင့် အိပ်မက်

မှန်းဆရခက်..... တသက်သက်ဝေ

တစ်စက်နှစ်စက်ကြွေ..........

အော်......... မိုးရေစက်လေးတွေလိုလို

နေခြည်နွေးနွေးလေးလိုလို

ရင်ဖိုလှိုက်မော...... ချစ်ခြင်းမှာမျောလွင့်
ဘာဘဲဖြစ်ဖြစ်......

ချစ်ခွင့်လေးနဲ့ပဲ ရှင်သန်မယ်။

No comments:

Post a Comment