- ချစ်သူကပြောတယ် = အရမ်းချစ်တယ်နော် တဲ့...
နောက်တစ်ယောက်ကိုလဲ သူပြောခဲ့တယ်.....
- ချစ်သူက အရမ်းဂရုစိုက် ကြင်နာခဲ့တယ်......
နောက်တစ်ယောက်ကိုလဲ သူဒီလိုပဲ ကြင်နာဂရုစိုက်ခဲ့တယ်...
************************
- ချစ်သူ ငါမသိချင်တဲ့အကြောင်းအရာ တစ်ချို့ ရှိတယ်..
ဒါပေမယ့်---သိနေခဲ့ရတယ်..
- ချစ်သူ ငါမမြင်ချင်တဲ့အကြောင်းအရာ တစ်ချို့ ရှိတယ်..
ဒါပေမယ့်---ငါမြင်နေရတယ်..
************************
- ချစ်သူ ငါစွန့် လွတ်ပစ်လိုက်ချင်ပေမဲ့......ငါမလုပ်နိုင်ခဲ့ဘူး...
နာကျင်ဝမ်းနည်းမှုတွေထဲက ငါနိုးထလိုက်ချင်ပေမဲ့.....ငါမနိုးထနိုင်ခဲ့မိဘူး...
- လှည့်ကွက်တစ်ခုမှန်းသိနေရက်နဲ့ 
အဲဒီလှည့်ကွက်အောက်မှာပဲငါအိပ်မက်တွေဆက်မက်နေတုန်းဘဲ ချစ်သူရယ်...
**************************
No comments:
Post a Comment