Wednesday, 27 February 2013

အပိုင်းအစ၇

ချစ်သူ ငါက နင့်အတွက်
နင့်ရင်ဘတ်ကို စိုက်ဝင်နေတဲ့
ဆူးတစ်ချောင်းလို
နင့်ကို နာကျင်စေခဲ့တယ်ဆိုရင်
နင့်ရင်ထဲ က ငါ့ကို ဆွဲထုတ်ပစ်လိုက်ပါ
ငါငိုနေတာတောင် နင်လှည့်ကြည့်မနေပါနဲ့
ရင်ဘတ်နဲ့ ရင်းပြီးချစ်ခဲ့တာခြင်းတူရင်တောင်
ငါ့နာကျင်မှုကိုထည့်မတွက်ပါနဲ
နင့်သက်သာဖို့  ဆူးကိုအဝေးဆုံးလွင့်ပစ်လိုက်ပါ

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ငါနင့်ကိုအရှက်ခွဲတာလဲ မဟုတ်ဘူး
ရောင်စားနေတာလဲ မဟုတ်ဘူး
နင့်ကို အပြစ်ဖို့ နေတာလဲ မဟုတ်ဘူး
ငါဟာငါ အပြစ်တင်ရင်း
ဒါကို ပေါက်ကွဲနေတာ
သဘောပေါက်................

++++++++++++++++++++++++++++++++++++++++++++++++++++++
လူသုံးမျိုး ကိုမမေ့ရဘူးတဲ့
၁. ကိုယ့် အခက်အခဲတွေကို ကူညီဖြေရှင်းပေးတဲ့သူ
၂. ကိုယ့် အခက်အခဲတွေ့ရင် ထွက်သွားတတ်တဲ့သူ
၃. ကိုယ့်ကို အခက်အခဲ တွေ ဖြစ်အောင် တွန်းပို့တဲ့သူတဲ့
 

No comments:

Post a Comment