Wednesday, 20 February 2013

အ၇ူးတစ်ယောက်စိတ်ကူးပေါက်၇ာ.....

အရူးတစ်ယောက်က
ကောင်မလေးတစ်ယောက်ကိုချစ်မိတယ်
ခံစားချက်တွေကို ဖော်ထုတ်ဖို့
အမျိုးမျိုးလုပ်
အမျိုးမျိုးရေး........
ကောင်မလေးလဲမသိ၊
ဘယ်သူမှလဲမသိ
ဘာကိုရေးထားမှန်းလဲမသိ။
ဘယ်အချိန်ကြည့်ကြည့်
ရေးနေတယ်
အချစ်ကဗျာလေးတွေရေးနေတယ်။
တောင်တွေနဲ့ ပင်လယ်
ကန္တာရနဲ့ မြက်ခင်း
မြတ်နိုးခြင်းနဲ့ သီချင်းသံ
ကာရံလဲမညိ
ဟန်လဲမရှိ
မာန်လဲ မသိ
တစ်ခုတော့ သိတယ်
သူ......လေ
ကောင်မလေးကို ချစ်နေတယ်။

No comments:

Post a Comment