Wednesday, 20 February 2013

လွမ်းနာ


ကော်ဖီခါးခါးတစ်ခွက်ကို
ချိုဆိမ့်တစ်ခွက်အမှတ်နဲ့
ငါသောက်နေခဲ့မိတယ် ...

ပုံမှန်မဟုတ်တော့တဲ့
ရာသီဆေးဆိုးတွေဆိုတာ
ငါပျော်ရွှင်ခဲ့ဘူးတဲ့
နင့်ရဲ့အကြည့်တွေပဲနော် ...

အခုထိအထာမပေါက်နိုင်သေးတဲ့
ငါ့အတွက်
မိုးတိမ်တွေညိုမည်းလာရင်
ဒီကောင်အခုထိအမှတ်မရှိသေးဘဲ
လွမ်းလို့ကောင်းတုန်းပေါ့ ...

No comments:

Post a Comment