Wednesday, 20 February 2013

@@@@ လွမ်းဆွတ်ခြင်း @@@@

  -  မုန်းတီးမှုတွေ  မပါတဲ့
    နာကျင်မှုတွေနဲ့...အတူ  ငါမင်းကိုသတိရတယ်...

 - မဆုံနိုင်မှန်းသိပေမဲ့
   ငါရဲ့မနက်ခင်းလေးတွေမှာ..မင်းကို တွေ့ ရဖို့မျော်လင့်ချက်တွေနဲ့
   အားသစ်တွေအမြဲရှိနေခဲ့တယ်....

-  တနေ့လောက်မတွေ့ ရင်တောင်
   လွမ်းဆွတ်ခြင်း၊ အထီးကျန်ခြင်းကိုအဖော်ပြုနေခဲ့တာပါ...

- မင်းမသိပေးမဲ့
  ငါရဲ့သတိရခြင်းတွေမှာ..ခါးသီးမှု ၊မုန်းတီးမှုတွေ မပါခဲ့ဘူး...

- တကယ်တော့  ..ငါဟာ
  လောကကြီးကို..ဆန့်ကျင်းပြီး...မင်းကြောင့်....အိပ်မက်တွေမက်နေခဲ့ရသူပါ...

- ငါကတော့ အိပ်မက်လေးကိုဆက်မက်ရင်း
 ပြောင်းလဲတတ်သူ   မင်းအတွက်...
 တစ်ယောက်တည်း ငိုကြွေးခြင်းကို အဖော်ပြုနေဦးမယ်....၊

No comments:

Post a Comment