Tuesday, 16 July 2013

ငါသိပါတယ်။။။

နင့်ငါကို သတိရနေတာ ငါသိပါတယ်

ဒါပေမဲ့ 

နင့်ထက် ငါက နင့်ကို ပိုလွမ်းနေတယ်

ချစ်သူရယ်....။

နင့်လောက် ငါကို စာနာနားလည်ပေးနိုင်သူမရှိဘူးဆိုတာ

ငါသိပါတယ်

ဒါကြောင့်...နင့်နားလည်မှုပေးထားတာထက်

ငါနင့်ကို ပိုနားလည်ပေးတယ်

နင့်ကို ပိုယုံကြည်တယ်

နင့်ပေးတဲ့ နားလည်မှုက

ငါအတွက် လုံခြုံနွေးထွေးစေတာမို့ လို့ ပါ....ချစ်သူရယ်...........။

နင့်အတွက်..ငါလိုအပ်တယ်ဆိုတာထက်

ငါအတွက် နင့်က မရှိမဖြစ်ပိုလိုအပ်တာပါ ချစ်သူ

နင်က ငါ့ရဲ့ ကမ္ဘာ ၊

ငါရဲ့ အသက် ၊ ငါရဲ့သခင်

နင့်နဲ့  ငါထာဝရအမြဲ အတူနေချင်တယ်....ချစ်သူရယ်............။

No comments:

Post a Comment