Tuesday, 16 July 2013

ငါရှိနေသရွေ့ ...

ချစ်သူ

နင်ငါ့လက်ကို ယုံကြည်စွာဆုပ်ကိုင်ထားသရွေ့ ...

ငါနင့်လက်ကိုမြဲမြဲကိုင်ထားပါ့မယ်....................။

ချစ်သူ ...

နင့်ရင်ထဲမှာ ငါရှိနေသရွေ့ ...

ငါရင်ရဲ့ အနက်ရှိုင်းဆုံး နှလုံးသားကို နင့်ပိုင်နေရမှာပါ....။

ချစ်သူ ...

နင်ငါ့ကိုနားလည်မှု ပေးနေသရွေ့ ...

ငါရဲ့ နားလည်ပေးမှု အားလုံး နင့်အတွက်ဖြစ်နေမှာပါ...။

ချစ်သူ ...

နင်ငါ့ကိုလိုအပ်နေသေးသရွေ့ ....

ငါရဲ့ နင့်အပါးမှာ အမြဲရှိနေပေးပါ့မယ်..။

ချစ်သူ

နင်ငါ့ကိုရင်နာအောင်မလုပ်သရွေ့ ...

ငါနင့်ကိုရင် မကွဲစေရပါဘူး.............။


ချစ်သူ ..

နင်ငါ့ကိုတန်းဖို့ ထားချစ်မြတ်နိုးနေသေးသရွေ့ ....

ငါရဲ့ ကြင်နာခြင်းတွေအားလုံး နင်အတွက်ပဲဖြစ်နေစေရမယ်..။

ချစ်သူ ...

နင့်ရဲ့သစ္စာတရားဟာ င့ါအတွက်ဖြစ်နေသရွေ့ ....

ငါ့နဲ့ပတ်သက်သမျှ အရာအားလုံး နင့်အတွက်ဖြစ်နေစေရမယ်...။

No comments:

Post a Comment