Monday, 10 June 2013

gt လေးအဖွင့်...+ငါပိုင်ဆိုင်တာ.....ဘာမှမရှိဘူးချစ်သူ


gt လေးအဖွင့်.....
နင်ရှိနိုင်မလား…….
စာလေးတစ်ကြောင်းများ
ချန်ထားရစ်မလား
မျှော်လင့်တကြီးနဲ့ 
ရှာဖွေနေမိတယ်
စာလဲမတွေ့ နင့်လဲမရှိခဲ့ဘူး.....
.......................
ငါလေ………
မပြောဖြစ်တဲ့စကားတွေ…..ပြောပြချင်တယ်
နင်မရှိတဲ့အခါ ငါဘယ်လို ခြောက်သွေ့နေတယ်ဆိုတာ
နင့်ကိုမြင်စေချင်တယ် ………သိစေချင်တယ်...
ဒါပေမဲ့  နင့်ရင်ဘတ်နဲ့  မြင်ပေးဖို့ တော့လိုတယ်နော်...
....................


ငါပိုင်ဆိုင်တာ.....ဘာမှမရှိဘူးချစ်သူ
ဒါပေမဲ့..နင်အတွက် ငါရဲ့နှလုံးသားတွေ
စေလိုရာသုံးဖို့ ပေးအပ်ချစ်ချင်တယ်...........................

ငါပိုင်ဆိုင်တာ....ဘာမှမရှိဘူးချစ်သူ
ဒါပေမဲ့ ...နင်အတွက် ငါရင်ဘတ်တစ်ခုလုံး
ကြေမွသွားပါစေ လှလှပပအသုံးတော်ခံအဖြစ်
ပေးအပ်ချစ်ချင်တယ်........................






No comments:

Post a Comment