နှလုံးသားနဲ့  ရင်းပြီးချစ်ခဲ့တဲ့အချစ်က
သစ္စာတရားနဲ့  ခိုင်မြဲမှုမရှိတဲ့အခါ
နှလုံးသားလေးလည်
ဝမ်းနည်းစွာနဲ့ ကြေကွဲမူတွေပြည့်နက်နေခဲ့ရတယ်....
နှလုံးသားထဲမှာ
ဘယ်သူမှမသိ၊ မမြင်နိုင်တဲ့ခံစားချက်တွေနဲ့ 
တည်ဆောက်ထားတဲ့  နာကျင်မှုတစ်ချို့ 
ရှိနေခဲ့ရတယ်...................................
ရင်ဘတ်ထဲက
တန်ဖိုးအထားဆုံး အရာတစ်ခု
ဆုံးရှုံးသူတစ်ယောက်ရဲ့ ခံစားချက်ကို
စာနာ နားလည်တတ်လာတဲ့တစ်နေ့ 
နင့် မကြေကွဲပါနဲ့ ...............ချစ်သူ.......။

ရင်ထဲမကောင်းဘူး
မျိုချမိတဲ့ အခါးတွေအတွက်
ရင်ထဲက မခံမရပ်နိုင်စွာ
လဲလဲကျနေခဲ့ရတယ်.......။
အစွန့်ပစ်ခံတစ်ယောက်ရဲ့ကောင်းကင်မှာ
အသားမာတတ်နေတဲ့ တိမ်တိုက်တွေရှိတဲ့
သူ့ရဲ့ရင်ထဲမှာလည် ခြေစုံကန်ထွက်သွားတဲ့
တစ်ယောက်သောသူ ရှိခဲ့တယ်........။
ခုတော့ခပ်ဖွဖွနင်းခံထားရတဲ့
ခါးသက်တဲ့အဆိပ်လက်ကျန်တွေကို
မေ့ဖျက်ဖို့ ခဏခဏအစိမ်းသေ” သေ ” ခဲ့ရပြီ...။

No comments:
Post a Comment