Wednesday, 20 February 2013

ငါမဟုတ်သောငါရယ် ...မင်းရယ်.......

ပြောစကားအရတော့...စကားပြောတာပါ...။ မြင်အောင်ကြည့်တတ်ဖို့တော့လိုတာပေါ့..။ အရှေ့အနောက်ကို သေချာစမ်းစစ်ကြည့်တော့
နေ၀င်တယ်ဆိုတာ ဘာမှန်းမသိတော့ဘူး..။ ပြောလို့သာပြောတယ်..ဒီစကားတွေ..သဲထဲရေသွန်သလောက်အရာမထင်ပါဘူး................။
အတ္တဆန်စွာယစ်မူးခြင်းကို မသိတတ်စွာပေါင်းသင်းမိတော့လည်း..ငါ့ကံငါပြန်ခံရတယ်လေ..။ ဒီတော့မှ နောင်တကို မှတ်မှတ်ရရ ဖြစ်နေ
မိတော့တယ်.။ အလင်္ကာမြောက်ပါတယ်..ဒီမုသာဝါဒတွေ..။ အလှဆင်ပုံက ချိုသာမှုကို ပန်းပန်ထားတယ်.။ အနံ့အသင်းသင်းလေးနဲ့
ရစ်မူးစေတတ်တယ်..။ အကောင်းကြိုက်မိတဲ့ငါ..ညာမှန်းမသိ ခုန်မင်မက်မောနှစ်ခြိုက်ခဲ့တယ်လေ..။ တောင်ကျချောင်းမှ ဆင်းသက်လာ
သလား...စကားလုံးတစ်ချို့က အားပြင်းသလောက်.ထိရောက်ခဲ့တာ..ငါ့နှလုံးရှုံးနိမ့်ခဲ့တာ..ငါညံ့လို့နေမှာပါလေ..။ စိတ်ညစ်တယ်ဆိုမှတော့
ညစ်တဲ့စိတ်တွေရှိနေတာဖြစ်မယ်..။ ဘယ်သူ့ကိုညစ်ညစ်ပေါ့..။ အတွေးလှလှမတွေးတတ်ပေမယ့် ဘေးဖြစ်မဲ့စိတ်ကူးတွေကို ငါကျောခိုင်း
ခဲ့တာယနေ့ထိပါပဲ..။ ရေသောက်မြစ်ရှိတာကိုသိတယ်...အပင်ပန်းမခံတော့ဘူးလေ..။ မှန်းမျှော်ကြည့်လိုက်တာ ငါ့နှလုံးသားတစ်ဆုံး
အေးချမ်းမှုပြယုဂ်ဆိုတာ စိတ်သုဉ်းလို့..။ ဘာကြောင့်များ...ခုန်မင်တယ်ဆိုတာ မတွေးဝံ့လောက်အောင် အလိမ်ညာခံလူတန်းစားမှာ
ငါ..ချွတ်ခြုံကျ မွဲတေနေရော့လား...။ ပီပြင်အောင်ကပြဖို့က ငါ့တာဝန်ငါထမ်းနိုင်ပေမယ့်...အောင်ပွဲခံလူတန်းစားက ဇာတ်သိမ်းမလား
ဆိုတာငါမသိဘူး။ အားတော့နာတယ်..။ ငါ့မှာ..ချမ်းသာတာဆိုလို့..ငါ့မာနနဲ့ ဖြေလျှော့နိုင်တဲ့ စိတ်ဓာတ်အပျော့စားလေးရယ်ပါပဲ.........။
ကျန်တာက လိမ်လည်မှုနောက် ကျဆုံးခဲ့တဲ့ ငါ့ရဲ့ ရောင်းတမ်းမ၀င် ချစ်ခြင်းမေတ္တာဆိုတာတွေဖြစ်နေမှာပါ..။ သိမ်ငယ်သေးနုတ်လှတယ်
ထင်မြင်ချက်ကြီးမားမှုမှာ...အရောင်ဖျော့နေခဲ့တာ...။ ငါ့ကျိန်စာ..ငါသင့်နေခဲ့လို့ပါ။

No comments:

Post a Comment