ဖြတ်လျှောက်သွားတဲ့ခြေသံတစ်စုံဟာ
မင်း...ပဲဆိုတာ
ထကြည့်နေစရာတောင်မလိုဘူး
ငါသေချာသိတယ်...
မင်းခြေလှမ်းလိုက်တိုင်း
ငါ့နှလုံးသားနာကြင်ရလွန်းလို့....
ခြေသံကြားတိုင်း လန့်နိုးတတ်နေပြီ.....
အပေါ်ယံပဲမကြည့်နဲ့
အသေအချာကောက်ကိုင်ကြည့်...
မာတိကာမပါပေမယ့်....
ငါ့ရင်ခွင်တစ်ခုလုံးက..
ချစ်ခြင်းအပြည့်နဲ့စာအုပ်တစ်တစ်အုပ်......
မျက်နှာဖုံးက မလှပပေမယ့်
ခံစားချက်တွေစီးဝင်နေတဲ့
စကားလုံးတွေ....
စာမျက်နှာတိုင်းမှာရှိနေတယ်....
ယူသွားလိုက်..
အဲဒါ..မင်းအတွက်လက်ဆောင်
ငါထိတ်လန့်နေရတဲ့
ခြေသံတစ်စုံကိုကုစားဖို့.......
အဲဒီထဲကမင်း လေ့လာလိုက်...
ပြီးရင်ငါ့ဆီကိုပြန်လာခဲ့
ဒါပေမယ့်
ခြေသံဖွဖွလေးနင်းပြီးတော့လာ
ငါအိပ်ပျော်နေချင်သေးတယ်.......။
No comments:
Post a Comment