သူတို့ငါ့ကိုပြောပြကြတယ်.....
ပင်စည်ဆိုတာ
တို့ရဲ့ထာဝရဗိမာန်လို့ထင်ခဲ့ပေမယ့်
အခုတော့ ငါတို့ကြွေလွင့်ရပြီ တဲ့။
အပင်အိုဟာ
ငါတို့ရဲ့အမြဲနားခိုရာအဖြစ်နဲ့
တေးသီကျူးခဲ့ပေမယ့်
အခုတော့ ငါတို့ပျံသန်းခဲ့ရတယ် တဲ့။
ကမ်းပါးမှာ
ငါတို့နားခဲ့ချင်ပေမယ့်
စမ်းရေဆိုတဲ့စီးဆင်းခြင်းအသွင်တစ်ခု
သူတို့ဖတ်ရှု့ဘို့အတွက်
ငါတို့မျောပါခဲ့ရတယ် တဲ့။
ငါလည်းငါပြန်ပြောခဲ့ချင်ပါတယ်....
နင်ခုတ်မောင်းသွားခဲ့ဘူးတဲ့
ဟောဒီရင်အစုံကတော့
နင်ဆိုက်ကပ်မယ့်ဘူတာရုံဖြစ်နေလိမ့်မယ်လို့
ငါ ..
ငါ ထင်ခဲ့တာ။
အခုတော့
နင်ကြွေလွင့်သွားတာလား?
ဒါမှမဟုတ်
နင်ပျံသန်းသွားတာလား?
ဒါမှမဟုတ်
နင်စီးဆင်းသွားတာလား?
ငါ ဘာာပြန်ပြောလိုက်ရမလဲကွယ်.....။
No comments:
Post a Comment