ဘဝ
နှလုံးသားကို
လမ်းခင်းကျောက်အဖြစ်
ချနင်းခဲ့ရတဲ့အခါလည်းရှိလေရဲ့....။
ဘဝ
ခေါင်းပြုလာတဲ့
မာနနဲ့ မခံချင်စိတ်တွေကို
အရှင်လတ်လတ် သင်္ဂြိုလ်လိုက်ရတဲ့
အချိန်ခါတွေလဲ မရေမတွက်နိုင်အောင်ပဲ...။
ဘဝ
အမာရွတ်ပေါ်
ဒဏ်ရာဆင့်ပြီး ဝေဒနာအတ္တတွေနဲ့
မြေသို့ကြွေကျ မြေခရတဲ့အလွမ်းရာဇဝင်အဖြစ်
စတေးရတဲ့ အခါလည်းရှိလေရဲ့.........။
ဘဝ
စာတင်ဖို့
အဆင့်မမှီတဲ့ ရာဇဝင်တွေကိုလဲ
ဒိုင်ယာရီထဲ ချချရေးရတဲ့အခါလည်းရှိလေရဲ့.......။
ထာဝရ
16.9.2013
နှလုံးသားကို
လမ်းခင်းကျောက်အဖြစ်
ချနင်းခဲ့ရတဲ့အခါလည်းရှိလေရဲ့....။
ဘဝ
ခေါင်းပြုလာတဲ့
မာနနဲ့ မခံချင်စိတ်တွေကို
အရှင်လတ်လတ် သင်္ဂြိုလ်လိုက်ရတဲ့
အချိန်ခါတွေလဲ မရေမတွက်နိုင်အောင်ပဲ...။
ဘဝ
အမာရွတ်ပေါ်
ဒဏ်ရာဆင့်ပြီး ဝေဒနာအတ္တတွေနဲ့
မြေသို့ကြွေကျ မြေခရတဲ့အလွမ်းရာဇဝင်အဖြစ်
စတေးရတဲ့ အခါလည်းရှိလေရဲ့.........။
ဘဝ
စာတင်ဖို့
အဆင့်မမှီတဲ့ ရာဇဝင်တွေကိုလဲ
ဒိုင်ယာရီထဲ ချချရေးရတဲ့အခါလည်းရှိလေရဲ့.......။
ထာဝရ
16.9.2013
No comments:
Post a Comment